ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ ရက်
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်တပ်တို့ ထိတွေ့ တိုက်ပွဲအတွင်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲသည့်အတွက် ထိုင်းစစ်တပ်မှ လုံခြုံရေးတိုးမြှင့်ကာ အသင့်အနေအထားပြင်ဆင် တပ်လှန့်ထားကြောင်း သိရသည်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာနေရာများမှာ ထိုင်းနိုင်ငံနှင့် တစ်ကီလိုမီတာသာကွာဝေးပြီး မဲဆောက်မြို့နယ်၊ မယ့်ကိုကင်းရွာအတွင်းသို့ ၆၀-မမ လက်နက်ကြီး တစ်လုံးလည်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး နေအိမ်လေးလုံး နှင့် ကားတစ်စီးပျက်စီးခဲ့ကာ လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

မြန်မာစစ်ကော်မရှင်တပ်မှ ပစ်ခတ်ခြင်းဖြစ်ကြောင်း အဆိုပါလက်နက်ကြီးကျရောက်ခြင်းဖြစ်ကြောင်း ပြောဆိုနေကြသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။ ထိုင်းသတင်းမီဒီယာများကမူ မြန်မာစစ်တပ် သည် တော်လှန်ရေးတပ်ဖွဲ့များကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်နေ့မှစတင်ကာ ပြင်းထန်သည့် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
ထိုင်းနိုင်ငံအတွင်း လက်နက်ကြီးကျရောက်မှုကြောင့် ထိုင်းစစ်တပ်မှ ၁၂၀-မမ မီးခိုးဗုံးဖြင့် ပစ်ခတ်ကာ သတိပေးခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက် တွင်လည်း ကင်းလှည့်မှုတိုးမြှင့်ခြင်း၊ ယာယီ စောင့်ကြည့်ရေး စခန်းများထားခြင်း၊ လေကြောင်းမှစောင့်ကြည့်ခြင်းကဲ့သို့ ကာကွယ်ရေးအစီအမံများ တိုးမြှင့်ထားကြောင်း သိရသည်။

ယခုကဲ့သို့ထိုင်းဘက်ခြမ်းသို့ လက်နက်ကြီးကျရောက်မှုမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဖြစ်ပွားခဲ့ကာ ယခုအခါဒုတိယအကြိမ်ဖြစ်ပြီး စိုးရိမ်ပူပန်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးဝိုရာသပ်က ပြောဆိုခဲ့သည်။
မြဝတီမြို့အနီးဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU)သည် ယမန်နေ့ နိုဝင်ဘာ ၂၃ ရက်နေ့က ကျားဖြန့်လုပ်ငန်းများအခြေစိုက်ထားသည့် မင်းလက်ပံရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။
ကိုးကား – Thaiger