ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ ရက်

ပြီးခဲ့တဲ့နှစ်က ကျောင်းသားတွေဉီးဆောင်တဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းမှုကြောင့် မျက် ကွက်မှာ သေဒဏ်ချမှတ်ခံရသူ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာစီနာကို လွှဲအပ်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိန္ဒိယကို တောင်းဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ လွန်ခဲ့သောနှစ်ရပ်က စာတစ်စောင် ပေးပို့ကာ တရားခံပြေး ဝန်ကြီးချုပ် ဟောင်းကို လွှဲပြောင်းပေးဖို့ အိန္ဒိယကို တောင်းဆိုခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး တော်ဟစ်ဟူစိန်က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

အသက် ၇၈ နှစ်အရွယ် ရှိတ်ခ်ဟာစီနာဟာ လူ ၁၄၀၀ ကျော် သေဆုံးခဲ့ရတဲ့ ပြီးခဲ့တဲ့နှစ် လူထု ဆန္ဒပြပွဲတွေကြောင့် ရာထူးမှပြုတ်ကျပြီးနောက် ၁၅ နှစ်ကြာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ ချိန် အနီးကပ် မဟာမိတ်ဖြစ်တဲ့ အိန္ဒိယမှာ ပုန်းအောင်းခဲ့ပါတယ်။

ဒါကာမြို့ရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ရုံး (ICT) ဟာ တနင်္လာနေ့က ရှိတ်ခ်ဟာစီနာကို လူသား မျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုနဲ့ စွဲချက်တင်ကာ သေဒဏ်ချမှတ်ခဲ့ပါတယ်။

ရှိတ်ခ်ဟာစီနာကို ပြန်လွှဲပြောင်းရေး အဆင်ပြေစေဖို့ ၂၀၁၃ ခုနှစ်မှာ လက်မှတ်ထိုးခဲ့တဲ့ နှစ်နိုင်ငံ လွှဲအပ်ရေးစာချုပ်အရ အိန္ဒိယမှာ တာဝန်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ချက်တစ်ခုအတွင်း ပြောပါတယ်။

ရှိတ်ခ်ဟာစီနာကို ခိုလှုံခွင့်ပေးတာဟာ ချစ်ကြည်ရင်းနှီးမှုမရှိသော အပြုအမူတစ်ရပ်ဖြစ်ပြီး လူ သားမျိုးနွယ်စုအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်မှုနဲ့ စွဲချက်တင်ခံရသူကို ခိုလှုံခွင့်ပေးမှုဟာ တရားမျှတမှုမ ရှိဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

ရှိတ်ခ်ဟာစီနာအတွက် တရားရုံးစီရင်ချက်ကို သတိထားမိတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောပေမယ့် ဘင်္ဂလားဒေ့ရှ်သို့ လွှဲပြောင်းပေးဖို့ မှတ်ချက်မပေးပါဘူး။

ရှိတ်ခ်ဟာစီနာကို လွှဲပြောင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သုံးကြိမ်ထက်မနည်း တောင်းဆိုခဲ့ တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ လူထုဆန္ဒပြပွဲတွေနောက်ပိုင်း ပထမဆုံးအကြိမ် အထွေထွေရွေးကောက် ပွဲ ကျင်းပမှာဖြစ်ပြီး ရှိတ်ခ်ဟာစီနာရဲ့ Awami League ပါတီကို နိုင်ငံရေးလှုပ်ရှားခွင့် ပိတ်ပင်ထားပါ တယ်။

ကိုးကား – Aljazeera
Ref; Bangladesh asks India to extradite fugitive ex-PM Sheikh Hasina