ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ ရက်

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အငြင်းပွားဖွယ် ငြိမ်းချမ်းရေး အဆိုပြုချက်မှာ အပြောင်းအလဲ အချို့ ပြုလုပ်ဖို့ အမေရိကန်နိုင်ငံက သဘောတူလိုက်ပါတယ်။

ဂျီနီဗာမြို့မှာ ယူကရိန်းသံတမန်တွေနဲ့ ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်ပြီး အဓိပ္ပာယ်ရှိခဲ့ ကြောင်း၊ ယူကရိန်းရဲ့ အဆိုပြုချက်ကို အခြေခံပြီး ငြိမ်းချမ်းရေးစီမံချက်မှာ ပြင်ဆင်မှုတွေ ပြုလုပ်မယ် လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ဟာ တနင်္ဂနွေနေ့ အစောပိုင်းမှာ ပိုပြီး အထင်သေးတဲ့လေသံ ရှိခဲ့ပြီး အမေ ရိကန်နဲ့ ယူကရိန်းရဲ့ ခေါင်းဆောင်မှုအောက်မှာ စစ်ပွဲ ဘယ်တော့မှ မဖြစ်တော့ဘူးလို့ ပြောပါတယ်။

စစ်ပွဲ အဆုံးသတ်ရေး အမေရိကန်နိုင်ငံရဲ့ ကြိုးပမ်းမှုတွေအတွက် ယူကရိန်းဟာ ကျေးဇူးကန်း တယ်လို့ ဒေါ်နယ်ထရမ့်က စွပ်စွဲခဲ့ပြီး ရုရှားမှ ရေနံဝယ်ယူတဲ့ ဉရောပတိုင်းပြည်တွေကို ဝေဖန်ခဲ့ပါတယ်။

ပံ့ပိုးကူညီမှုအတွက် အမေရိကန်နဲ့ ဉရောပနိုင်ငံတွေကို ကျေးဇူးတင်ရှိကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောပါတယ်။

စေ့စပ်ညှိနှိုင်းမှုတွေရဲ့ အဓိက ရည်ရွယ်ချက်မှာ ရုရှားကျူးကျော်စစ် အဆုံးသတ်ဖို့နဲ့ နောက်တစ် ကြိမ် စစ်မဖြစ်အောင် ဟန့်တားဖို့ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

အချက် ၂၈ ချက်ပါ အမေရိကန်နိုင်ငံအဆိုပြု ငြိမ်းချမ်းရေးအစီအစဉ်မှာ စကားရပ်တွေများစွာ ပြင်ဆင်ထားပြီး မူလအဆိုပြုချက်ကို အခြေခံပါတယ်။

အဆိုပြုချက်အရ ယူကရိန်းစစ်တပ်အင်အားကို ၈၀၀၀၀၀ မှ ၆၀၀၀၀၀ အထိ လျှော့ချရမှာဖြစ် ပြီး ယူကရိန်းက ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီးပါက ရက် ၁၀၀ အတွင်း ရွေး ကောက်ပွဲ ကျင်းပရမယ်လို့ သိရပါတယ်။

ကိုးကား – Independent

Ref; Trump accuses Zelensky of ‘ingratitude’ but agrees to change ‘pro-Russian’ peace plan