ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၃ ရက်

မအောင်မြင်သော အာဏာသိမ်းရန် ကြိုးပမ်းမှုဖြင့် စီရင်ချက်ကို အယူခံဝင်နေစဉ် နေအိမ်အကျယ် ချုပ် ချမှတ်ခံထားရတဲ့ ဘရာဇီးသမ္မတဟောင်း ဂျဲယားဘိုဆိုနာရိုအား တရားရုံးချုပ်က ၎င်းကို ထွက်ပြေး နိုင်ခြေ မြင့်မားသူဟု ဆုံးဖြတ်လိုက်ပြီးနောက် ထိန်းသိမ်းလိုက်ပါတယ်။

၂၀၂၂ ခုနှစ် ရွေးကောက်ပွဲအပြီး သမ္မတ လူလာဒါဆေးလ်ဗားကို အာဏာမရယူရန် တားဆီးဖို့ ကြံ စည်မှုဖြင့် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရတဲ့ ဘိုဆိုနာရိုဟဟာ ထွက်ပြေးဖို့ သူ့ရဲ့ ခြေကျင်းဝတ်ပတ် စောင့်ကြည့်ကိရိယာကို ပျက်စီးအောင် ကြိုးပမ်းခဲ့တယ်လို့ တရားရုံးချုပ်က စနေနေ့မှာ ပြောကြားခဲ့ပါ တယ်။

တရားရုံးချုပ် တရားသူကြီး အလက်ဇန်းဒါး ဒီမိုရေးစ်က နောက်ဆုံးအယူခံတွေကို ဆုံးဖြတ်နေစဉ် ဘိုဆိုနာရိုကို ထိန်းသိမ်းခြင်းဟာ ကြိုတင်ကာကွယ်မှုတစ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

တရားရုံးချုပ်က ထုတ်ပြန်တဲ့ ရုပ်သံဖိုင်တစ်ခုမှာ ဘိုဆိုနာရိုက ‘သိချင်စိတ်’ ကြောင့် စောင့်ကြည့် ကိရိယာ ခြေကျင်းဝတ်ပတ်ပေါ်တွင် ဂဟေဆော်သည့်မီးပူကို အသုံးပြုခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဘရာဇီးကို အုပ်ချုပ်ခဲ့သော အသက် ၇၀ အရွယ် ဘိုဆိုနာရိုကို ဩဂုတ်လတွင် နေအိမ်အကျယ်ချုပ် ချမှတ်ခံခဲ့ရပြီး မြို့တော် ဘရာစေးလီးယားရှိ အဆင့်မြင့် တိုက်ခန်း တစ်ခုမှာ ချုပ်နှောင်ခံထားရပါတယ်။

တရားသူကြီး မိုရေးစ်က အမိန့်ချမှတ်ရာမှာ စနေနေ့တွင် တိုက်ခန်းအပြင်ဘက် စောင့်ကြည့်ဆန္ဒ ပြပွဲတွေဟာ မငြိမ်မသက်မှုများ ဖြစ်ပေါ်စေပြီး ထွက်ပြေးရန်အတွက် သမ္မတဟောင်း၏ သားအကြီးဆုံး ဖလေဗီယို ဘိုဆိုနာရိုက “သင့်လျော်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးလိမ့်မည်” ဟု ပြောကြားခဲ့ပါတယ်။

တရားသူကြီးက ဘိုဆိုနာရိုရဲ့နေအိမ်သည် အမေရိကန်သံရုံးနှင့် နီးကပ်နေခြင်းက ၎င်းက နိုင်ငံ ရေးခိုလှုံခွင့် တောင်းခံနိုင်မည့် အန္တရာယ်ကို မြင့်တက်စေတယ်လို့ ဆိုပါတယ်။

ကိုးကား – TRT World
Ref; Former Brazil’s president Bolsonaro detained for trying to break ankle bracelet and flee