ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၃ ရက်
အမေရိကန်နိုင်ငံ အကျိုးဆောင်တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်မူဘောင်ကို သဘောမတူပါ က ယူကရိန်းသို့ ထောက်လှမ်းရေးသတင်းတွေနဲ့ စစ်လက်နက်ထောက်ပံ့မှု ဖြတ်တောက်မယ်လို့ အမေရိ ကန်နိုင်ငံက ခြိမ်းခြောက်လိုက်ပါတယ်။
ယူကရိန်းက ပိုင်နယ်နယ်မြေကို ပေးအပ်ခြင်း၊ စစ်တပ်အရွယ်အစား လျှော့ချခြင်းနဲ့ နေတိုးအဖွဲ့ ဝင်ရောက်ခွင့်ပိတ်ပင်ခြင်း ပါဝင်တဲ့ အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို အမေရိကန်နိုင်ငံက ယူကရိန်းကို တင်ပြခဲ့ပါတယ်။
ယခင် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေထက် ယူကရိန်းဟာ အမေရိကန်ရဲ့ ဖိအားပေးမှုခံခဲ့ရပြီး နိုဝင် ဘာလ ၂၇ ရက်မတိုင်မီ ယူကရိန်းအား မူဘောင်ကို လက်မှတ်ထိုးဖို့ အမေရိကန်က လိုလားခဲ့တယ်လို့ အ မည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ငြိမ်းချမ်းရေးစီမံချက်ကို ဆွေးနွေးဖို့ အမေရိကန် အကြီးတန်း အရာရှိတွေပါတဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ နိုဝင်ဘာလ ၂၀ ရက်မှာ ကိယက်ဗ်မြို့တော်မှာ သမ္မတ ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။
“စစ်ပွဲအဆုံးသတ်ရေး အမေရိကန်၊ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သူ့အဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကို ကျွန် တော် တန်ဖိုးထားပါတယ်။ အမေရိကန်ဘက်ခြမ်း ပြင်ဆင်ထားတဲ့ မူဘောင်သဘောတူညီချက်ကို ကျွန် တော်တို့ လက်မှတ်ထိုးဖို့ လုပ်ဆောင်နေပါတယ်။ မူဘောင်သဘောတူညီချက်ဟာ စစ်မှန်သော၊ ဂုဏ် သိက္ခာရှိသော ငြိမ်းချမ်းရေး ဖြစ်ရပါမယ်” လို့ ဇီလန်စကီးက ဆိုပါတယ်။
မူဘောင် သဘောတူညီချက်အရ ယူကရိန်းဟာ ထိန်းချုပ်ထားဆဲနယ်မြေမှ ဆုတ်ခွာရမှာဖြစ်သ လို ရုရှားဟာ သိမ်းပိုက်ထားတဲ့ နယ်မြေအချို့ကို စွန့်လွှတ်ရမှာဖြစ်ပါတယ်။
ယူကရိန်းကို နေတိုးအဖွဲ့ဝင်ရောက်ခွင့် အမြဲတမ်း ပိတ်ပင်မှာဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့ကို အင်အား ၆၀၀၀၀၀ အထိ လျှော့ချကာ ယူကရိန်းမှာ မည်သည့်အခါမှ တပ်မစွဲဖို့ နေတိုးအဖွဲ့က သဘော တူရမှာဖြစ်ပါတယ်။
ကိုးကား – Reuters
Ref; US threatens to cut intel, weapons to press Ukraine into peace deal: Sources