ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၃ ရက်

နိုင်ဂျီရီးယားနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဟာ ကက်သလစ်စာသင်ကျောင်းတစ်ခုကို တိုက် ခိုက်ကာ ကျောင်းသူ/သား ၃၀၀ ကျော်ကို ဖမ်းဆီးသွားခဲ့ပါတယ်။

လက်နက်ကိုင်အဖွဲ့ရဲ့ ကျောင်းသူ/သားတွေကို ပြန်ပေးဆွဲမှုဟာ သောကြာနေ့က နိုင်ဂျီးရီးယားနိုင် ငံအနောက်ပိုင်းရှိ ပြည်နယ်တစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။

ကျောင်းသူ/သား ၃၀၃ ဉီးနဲ့ ဆရာ/ဆရာမ ၁၂ ဉီး ပြန်ပေးဆွဲခံခဲ့ရပြီး မည်သည့်အဖွဲ့ရဲ့လက်ချက် ဆိုတာ မသိရသေးဘူးလို့ ဒေသန္တရ ခရစ်ယာန်အဖွဲ့တစ်ခုကို ကိုးကားပြီး မီဒီယာတွေက ဖော်ပြပါတယ်။

ဒီလအတွင်း နိုင်ဂျီးရီးယားနိုင်ငံရှိ စာသင်ကျောင်းတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေအပေါ် တိုက် ခိုက်မှုများစွာ ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်တွေကြောင့် နိုင်ဂျီးရီးယားသမ္မတ ဘိုလာအာမက်တီနူဘူက တောင်အာဖရိကနိုင်ငံ သို့သွားရောက်မယ့် ခရီးစဉ်ကို ပယ်ဖျက်ခဲ့ပါတယ်။

တောင်အာဖရိကနိုင်ငံမှာကျင်းပတဲ့ G20 ထိပ်သီးဆွေးနွေးပွဲမှာတက်ရောက်ဖို့ နိုင်ဂျီးရီးယား သမ္မတ ဘိုလာအာမက်ကို ဖိတ်ကြားထားတာပါ။

၂၀၁၄ ခုနှစ်မှာ အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ ဘိုကိုဟာရမ်က ကျောင်းသူ ၂၀၀ ကျော်ကို ပြန်ပေး ဆွဲခဲ့ရာ အများစုဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံမှာ ခရစ်ယာန်ဘာသာဝင်တွေ သတ်ဖြတ်ခံနေရတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီလအစောပိုင်းမှာ ပြောကြားခဲ့ပြီး နိုင်ဂျီးရီးယားအစိုးရက အဆိုပါပြဿနာကို မဖြေရှင်း ရင် အမေရိကန်က စစ်ရေးအရ အရေးယူမယ်လို့ ဆိုပါတယ်။

ကိုးကား – NHK
Ref; Armed group abducts over 300 students from school in Nigeria