ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၂ ရက်
ပြီးခဲ့တဲ့အပတ်က ဗီယက်နမ်နိုင်ငံအလယ်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေ လျှံမှုတွေနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ရာ လူ ၄၃ ဉီးထက်မနည်း သေဆုံးခဲ့ပြီး ၉ ဉီး ပျောက်ဆုံးနေတယ်လို့ အ စိုးရက ပြောပါတယ်။
ရေကြီးရေလျှံမှုတွေကြောင့် နေအိမ် ၆၀၀၀၀ ကျော် ရေနစ်မြှုပ်ခဲ့တယ်လို့ ဗီယက်နမ်အစိုးရက ပြောပါတယ်။
လယ်ကွင်းတွေနဲ့ စပါးခင်းတွေ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး အိမ်မွေးတိရစ္ဆာန် သိန်းနဲ့ချီ သေဆုံးကာ ရေ စီးနဲ့ မျောပါသွားခဲ့တယ်။
Dak Lak ပြည်နယ်ရှိ သကြားစက်ရုံတစ်ရုံမှာ ဆာလဖျူရစ်အက်ဆစ်ပေပါ ၁၀၀ ရေစီးနဲ့မျောပါ သွားပြီး အဆိုပါအက်ဆစ်ပေပါတွေကို တွေ့ရှိပါက မဖွင့်ကြဖို့ ရဲတပ်ဖွဲ့က ပြည်သူတွေကို သတိပေးခဲ့ပါ တယ်။
ဗီယက်နမ်နိုင်ငံမှာ ဒီနှစ်အတွင်း မုန်တိုင်းတွေ၊ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ အကြိမ်ကြိမ် ဖြစ် ပွားခဲ့ပါတယ်။
ဇန်နဝါရီလနောက်ပိုင်း သဘာဝဘေးအန္တရာယ်တွေကြောင့် ဗီယက်နမ်နိုင်ငံမှာ လူ ၃၀၀ သေဆုံး ပြီး ပျောက်ဆုံးခဲ့တယ်လို့ အစိုးရက ပြောပါတယ်။
သဘာဝဘေးအန္တရာယ်တွေကြောင့် ထိခိုက်ပျက်စီးမှုပမာဏမှာ ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံထက် မနည်းရှိတယ်လို့ ဗီယက်နမ်အစိုးရက ခန့်မှန်းပါတယ်။
ကိုးကား – NHK
Ref; Vietnam heavy rains leave dozens dead