ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၂ ရက်

ထိုင်ဝမ်အရေး မှတ်ချက်စကားကို ပြန်ရုတ်သိမ်းဖို့ ဂျပန်ဝန်ကြီးချုပ် တာကိုင်ချိဆာနေးကို တ ရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်မံ တောင်းဆိုခဲ့ပြီး ဂျပန်နိုင်ငံက နှစ်ဉီးနှစ်ဖက် အကျိုးဖြစ်ထွန်းတဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို ဆက်လက်ဖော်ဆောင်မယ်ဆိုတဲ့ ကတိကဝတ်ကို ပြသသင့်တယ် လို့ ပြောပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရအမျိုးသမီး မော်နင်က သောကြာနေ့မှာကျင်း ပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို မှတ်ချက်ပြုတာပါ။

ပြီးခဲ့တဲ့လအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အတည်ပြုခဲ့တဲ့ ဘုံမဟာဗျူဟာမြောက် အကျိုး စီးပွားတွေကို အခြေခံပြီး နှစ်ဉီးနှစ်ဖက် အကျိုးဖြစ်ထွန်းတဲ့ ဆက်ဆံရေးကို ရှေ့ဆက်လုပ်ဆောင်မယ့် ဂျ ပန်ရဲ့ရပ်တည်ချက်ကို လုံးဝ မပြောင်းလဲဘူးဆိုတဲ့ တာကိုင်ချိဆာတေးရဲ့ ပြောကြားမှုကို မော်နင်က အခု လို တုံ့ပြန်တာပါ။

ဒီလအစောပိုင်းက လွှတ်တော်မှာ ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ တာကိုင်ချိရဲ့ မှတ်ချက်စကားကို တရုတ်နိုင်ငံက အရှိန်မြှင့်ပြီး တုံ့ပြန်နေပါတယ်။

တာကိုင်ချိရဲ့မှတ်ချက်ဟာ အရှက်မရှိဗြောင်ကျပြီး မှားယွင်းကာ တရုတ်ပြည်သူတွေရဲ့ ရှုတ်ချမှု ကို ဖြစ်စေတာကြောင့် တရုတ်နိုင်ငံက ခိုင်ခိုင်မာမာ ကန့်ကွက်တယ်လို့ ၎င်းက ဆိုပါတယ်။

ဂျပန်နိုင်ငံက နှစ်ဉီးနှစ်ဖက် အကျိုးဖြစ်ထွန်းသော မဟာဗျူဟာမြောက် ဆက်ဆံရေး ဖော်ဆောင် ဖို့ မျှော်လင့်ပြီး အပြုသဘောဆောင်ပြီး တည်ငြိမ်သောဆက်ဆံရေး တည်ဆောက်လိုပါက ထိုင်ဝမ်အ ရေး မှတ်ချက်စကားကို ချက်ချင်း ပြန်ရုတ်သိမ်းသင့်တယ်လို့ မော်နင်က ပြောပါတယ်။

ဂျပန်ဟာ တရုတ်အပေါ် ကတိကဝတ်ကို လက်တွေ့ကျသော ခြေလှမ်းတွေမှတစ်ဆင့် ထုတ်ဖော် ပြသင့်တယ်လို့ သူက ဆက်ပြောပါတယ်။

ကိုးကား – NHK
Ref; China says Takaichi must retract Taiwan remark for stable relations