(အကြောင်းမဲ့ ထိန်းသိမ်းထားသူအားလုံး လွှတ်ပေးဖို့ ဗြိတိန် တောင်းဆို)

ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၃ ရက်

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အရှိန်မြှင့်လာမှုနဲ့ လိင်အခြေခံအကြမ်းဖက်မှုတွေ တိုးလာတာ အပါအဝင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာကို ဗြိတိန်နိုင်ငံက စိုးရိမ်တယ်လို့ ဗြိတိန် နိုင်ငံခြားရေး၊ ဓနသဟာယရေးရာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အတွင်း ပြောပါ တယ်။

အရပ်သားတွေ သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုတွေ ဆက်ဖြစ်စေတဲ့ ရမ်းသမ်းတိုက်ခိုက်မှုတွေ၊ လေ ကြောင်းတိုက်ခိုက်မှုတွေမှာ မြန်မာစစ်ကော်မရှင် ကျူးလွန်တဲ့အခန်းကဏ္ဍကို ဗြိတိန်နိုင်ငံက ရှတ်ချပါ တယ်။

အကြမ်းဖက်မှုတွေ အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ နိုင်ငံတကာဥပဒေကို လေးစားသမှုရှိဖို့၊ အရပ်သားတွေကို ကာကွယ်ပေးဖို့နဲ့ အကြောင်းမဲ့ ထိန်းသိမ်းထားသူအားလုံးကို လွှတ်ပေးဖို့ အဖွဲ့အစည်းအားလုံး အထူးသဖြင့် မြန်မာစစ်တပ်ကို ဗြိတိန်က တိုက်တွန်းပါတယ်။

မြန်မာစစ်တပ်ရဲ့ အကူအညီပေးမှုတွေကို စနစ်တကျ ပိတ်ဆို့မှုဟာ ဆေးဝါးနဲ့စားနပ်ရိက္ခာ ဆိုး ရွားစွာ ပြတ်လပ်စေပြီး ရခိုင်ပြည်နယ်ကို အငတ်ဘေးဆိုက်စေကာ လူနှစ်သန်း ငတ်မွတ်ခေါင်းပါးစေပါ တယ်။

ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံစွာ ဆန္ဒအလျှောက် နေရပ်ပြန်ရေး အခြေအနေတွေ ဖန်တီးဖို့ ဗြိ တိန်နိုင်ငံက တောင်းဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ဆိုးရွားသော လူသားချင်းစာနာမှု အကျပ်အတည်း လျှော့ချပေးရေး လူသား ချင်းစာနာမှု အကူအညီ အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုဖို့ မြန်မာစစ်တပ်နဲ့ အရေးပါသော သက်ဆိုင်သူ တွေကို ဗြိတိန်နိုင်ငံက တောင်းဆိုပါတယ်။

အဓိပ္ပာယ်ရှိသော ရွေးကောက်ပွဲတစ်ရပ်ဟာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ သက်ဆိုင်သူ အားလုံးကြား တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်လို့ ဗြိတိန်နိုင်ငံက ဆိုပြီး ငြိမ်းချမ်းသော၊ ဒီမိုကရေစီ အနာ ဂတ်အတွက် မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်တွေကို ဆက်လက်ပြီး ပံ့ပိုးကူညီမယ်လို့ ပြောပါတယ်။

မြန်မာစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက် သို့မဟုတ် လွတ် လပ်ပြီး တရားမျှတမှု ရှိလာမှာမဟုတ်ဘဲ လက်ရှိအခြေအနေအရ ရွေးကောက်ပွဲကျင်းပတာဟာ အ ကြမ်းဖက်မှုတွေ ဖြစ်စေကာ မြန်မာပဋိပက္ခအတွက် စစ်မှန်သောအဖြေရှိမှာမဟုတ်ဖူးလို့ ဗြိတိန်နိုင်ငံက ပြောပါတယ်။

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်နဲ့ အာဆီယံအဖွဲ့နဲ့ ကုလသမဂ္ဂ အထူးကိုယ် စားလှယ်တွေရဲ့ လုပ်ဆောင်ချက်တွေကို ဗြိတိန်နိုင်ငံက အပြည့်အဝ ထောက်ခံတယ်လို့ ဆိုပါတယ်။

ကိုးကား – https://www.gov.uk/government
Ref; The UK is concerned by the ongoing violence in Myanmar, including escalating human rights violations and increasing reports of sexual and gender-based violence: UK Statement at the UN Third Committee