ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ ရက်

ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ငှက်ပျောတောရွာတွင် နို၀င်ဘာလဒုတိယပါတ်အတွင်းက သားမက်ဖြစ်သူမှ ဓါးဖြင့်ထိုးသောကြောင့် ယောက္ခမသေဆုံးသည့်ဖြစ်စဥ် ဖြစ်ပွါးခဲ့ကြောင်းသိရသည်။

သေဆုံးသူမှာအသက် (၅၁)နှစ်အရွယ် ဦးချစ်ကိုဟု သိရှိရပြီး အခင်းဖြစ်သည့် နေ့က သမီးဖြစ်သူလင်မယား ရန်ဖြစ်နေသည့်အတွက်သားမက်ဖြစ်သူကို နေအိမ်မှဆင်းသွားရန်ပြောဆိုရာမှ သားမက်ဖြစ်သူမှဓါးဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။

“လည်ပင်းမှာပဲ ပြတ်ရှဒဏ်ရာသုံးချက်နဲ့ ဆေးရုံတောင်မရောက်လိုက်ဘူး ပွဲခြင်းပြီးသေသွားတာ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

သားမက်နှင့်သမီးဖြစ်သူတို့သည် ထွက်ပြေးတိမ်းရှောင်သွားသောကြောင့် လိုက်လံဖမ်းဆီးမှုများပြုလုပ်ခဲ့ရာတွင် ဟင်္သာတမြို့ လယ်တော်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်းစစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့ မှတ်တမ်းများအရသိရသည်။