ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ ရက်
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့က အယုဒ္ဒယခရိုင်အတွင်းရှိ တူးမြောင်းတစ်ခု၏ တံတားပေါ်မှ ခုန်ချရန်ကြိုးစားခဲ့သည့် အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦးကို ရဲတပ်ဖွဲ့က ကယ်တင် နိုင်ခဲ့ကြောင်း သိရသည်။
ကျောင်းသားတစ်ဦး ကိုယ့်ကိုယ်ကိုထိခိုက်ရန် လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က သတင်းရရှိပြီးနောက် ၎င်းတို့ ရောက်ရှိချိန်တွင် တံတားပေါ်တွင်ငိုယိုကာ ခုန်ချရန်ကြံစည်နေသည့် ကျောင်းသားကိုတွေ့ရှိကာ ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များက အဆိုပါကျောင်းသားကို စိတ်ရှည်လက်ရှည်ဖြင့် ဖြောင်းဖျပြောဆိုခဲ့ပြီး စိတ်ပိုင်း ဆိုင်ရာ ကိုလည်း နှစ်သိမ့်ပေးနိုင်ခဲ့သည့်အတွက် ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါကျောင်းသားမှာ ကိုယ်ရေးကိုယ်တာပြသနာများကြောင့် တံတားပေါ်မှခုန်ချကာ အဆုံးသတ် ရန်ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံပြောဆိုခဲ့ပြီး ၎င်း၏လုပ်ရပ်ကြောင့် ရဲတပ်ဖွဲ့ကို အခက်တွေ့ စေခဲ့မှုအတွက် လက်ရေးဖြင့်တောင်းပန်စာပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောင်းသားမိဘနှင့် ဒေသခံများက ရဲတပ်ဖွဲ့ဝင်များ၏ အခြေအနေကိုလိုက်လျောညီထွေစွာ တုံ့ပြန် နိုင်မှုနှင့် ထိန်းချုပ်နိုင်မှုတို့ကို ချီးကျူးခဲ့သည့်အပြင် ကျောင်းသားလေး၏ အသက်ကို ကယ်ဆယ်ပေးနိုင်ခဲ့သည့် ဆက်သွယ်ပြောဆိုရေးစွမ်းရည်ကိုလည်း ချီးကျူးခဲ့ကြသည်။
ကိုးကား – Bangkok Post