ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ ရက်
ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်မှုကြောင့် မြို့တော်ဝန်ဟောင်းတစ်ဉီးမှာ အပြစ်ရှိကြောင်း ဖိလစ် ပိုင်တရားရုံးက ကြာသပတေးနေ့မှာ ဆုံးဖြတ်ကာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်အထိ တာလတ်ပြည်နယ်၊ ဘမ်ဘန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Alice Guo ကို လူကုန်ကူးမှုကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံသားမဟုတ်သူ (၅) ဉီး အပါအဝင် အခြားသူ (၇) ဉီးကို အလားတူပြစ်ဒဏ် ချမှတ်ခဲ့ ပြီး (၈) ဉီးကိုမူ အမှုဖွင့်တိုင်ကြားသူတွေအတွက် လျော်ကြေး ဒေါ်လာ ၃၄၀၀၀ နီးပါးပေးဖို့ အမိန့်ချခဲ့ပါ တယ်။
အဆိုပါမြို့အတွင်းရှိ ၈ ဟက်တာရှိ အိမ်ရာအဆောက်အဉီကို ပြည်သူပိုင်သိမ်းဖို့လည်း ဖိလစ်ပိုင် တရားရုံးက အမိန့်ချခဲ့ပါတယ်။
Alice Guo နဲ့ပတ်သက်သော ပုဂ္ဂလိကကုမ္ပဏီတစ်ခု ပိုင်ဆိုင်တဲ့ဆိုဒ်ကို တရားမဝင် အွန်လိုင်း လောင်းကစား အချက်အချာနေရာတစ်ခုအဖြစ် အသုံးပြုခဲ့ပါတယ်။
အဆိုပါနေရာမှာ နိုင်ငံတကာ ဆိုက်ဘာရာဇဝတ်လုပ်ငန်းတွေမှာ ခိုင်းစေခံထားရတဲ့ နိုင်ငံခြားသား တွေ အပါအဝင် လူကုန်ကူးခံထားရသူတွေကို ထားရှိခဲ့ပါတယ်။
ဇွန်လအတွင်း ဖိလစ်ပိုင်တရားရုံးက Alice Guo ဟာ Guo Hua Ping လို့ခေါ်တဲ့ တရုတ်နိုင်ငံသူ တစ်ဉီးအဖြစ် ဖော်ထုတ်ခဲ့ပါတယ်။
Alice Guo ဟာ ဖိလစ်ပိုင်နိုင်ငံသူအဖြစ် အယောင်ဆောင်ကာ ၂၀၂၂ ခုနှစ်မှာ ဘမ်ဘန်းမြို့တော် ဝန် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် အုပ်ချုပ်ရေးညံ့ဖျင်းမှုကြောင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှာ မြို့တော် ဝန်ရာထူးမှ ဖယ်ရှားခံခဲ့ရပါတယ်။
ကိုးကား – NHK
Ref; Philippine court sentences ex-mayor to life for human trafficking