ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၉ ရက်
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်ထဲရှိ မြေပြင်ထောက်ပို့လုပ်နေသူမှ ရဲဘော်တစ်ဦး၏ ဇနီးကိုခိုးယူကာ လက် နက်နှင့်တကွ စစ်ကော်မရှင်တပ်ထံ ပူးပေါင်းသွားကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့တွင် မြေပြင်ထောက်ပို့လုပ်နေသည့် အင်္ဂပူမြို့နယ်မှ တောလေးဆိုသူသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်နေ့က စစ်ကော်မရှင်တပ်၏ ကွင်းကောက် တတက-၅ သို့ သွားရောက်ကာ ပူးပေါင်းသွားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
“တောလေးက အင်္ဂပူမြို့နယ်က မြေပြင်ထောက်ပို့လုပ်နေတဲ့သူ။ လက်ရှိသင်တန်းတက်နေတဲ့ ရဲဘော် တစ်ယောက်ရဲ့ မိန်းမကိုလည်း ခိုးသွားတယ်။ ပစ္စတို တစ်လက်လည်းယူသွားပြီး တတက ၅ ထဲကို ပူး ပေါင်းသွားတယ်”ဟု အင်္ဂပူမြို့နယ်ပကဖတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ထောက်ပို့ဆိုသူသည် စစ်ကော်မရှင်တပ်နှင့်ပူးပေါင်းကာ မြို့နယ်ပကဖစခန်းကို လမ်းပြမှုကြောင့် စစ်ကြောင်းထိုးစီးနင်းခံခဲ့ရသည်ဟုဆိုသည်။
ထို့အပြင် စစ်ကော်မရှင်တပ်သည် ယမန်နေ့ နိုဝင်ဘာ ၁၈ ရက်နေ့ညကလည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ တည်ရှိနိုင်သည့်နေရာများကို ရမ်းသန်း၍ လက်နက်ကြီးများဖြင့်ပစ်ခတ်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် တောလေးနှင့်အဆက်စပ်ရှိသူများအနေဖြင့် ကြိုတင်ရှောင်ရှားနိုင်ရန်နှင့် စခန်းတည်နေရာ များကို သိရှိထားသည့်အတွက် ကြိုတင်သတိထားကြရန် မြို့နယ်ပကဖမှ အသိပေးပြောဆိုထားသည်။