ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၉ ရက်
နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ တည်ဆောက်ဖို့ တောင်ကိုရီးယားနဲ့ အမေရိကန် ကြား သဘောတူညီချက်တစ်ရပ်ကို မြောက်ကိုရီးယားနိုင်ငံက ရှုတ်ချခဲ့ပြီး သဘောတူညီချက်ဟာ နျူက လီးယား ဆင့်ကဲဖြစ်ပွားမှုတွေ ဖြစ်စေမယ်လို့ ပြောပါတယ်။
နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ တည်ဆောက်ဖို့ အပါအဝင် အမေရိကန်နိုင်ငံနဲ့ လုံခြုံရေးနဲ့ ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးလိုက်ပြီလို့ တောင်ကိုရီးယားသမ္မတ လီ ဂျေမြောင်က ပြီးခဲ့တဲ့အပတ်အတွင်း ကြေညာခဲ့ပါတယ်။
ရေငုပ်သင်္ဘောတည်ဆောက်ရေး အစီအစဉ်ဟာ ထိပ်တိုက်တွေ့ဆုံဖို့ အန္တရာယ်များတဲ့ ကြိုးပမ်း မှုတစ်ခုလို့ မြောက်ကိုရီးယားနိုင်ငံက ပြောပါတယ်။
သဘောတူညီချက်ဟာ ကိုရီးယားကျွန်းဆွယ်ကို ကျော်လွန်ပြီး အာရှ-ပစိဖိတ်ဒေသမှာ စစ်ရေးနဲ့ လုံခြုံရေးအခြေအနေကို မတည်ငြိမ်စေကာ ကမ္ဘာမှာ နျူကလီးယားထိန်းချုပ်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေ အနေ ဖြစ်စေတယ်လို့ မြောက်ကိုရီးယားနိုင်ငံက ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယား ရေငုပ်သင်္ဘောပိုင်ဆိုင်မှုဟာ ဒေသတွင်း နျူကလီးယား ဆင့်ကဲဖြစ်စဉ် ဖြစ်စေနိုင်ပြီး လက်နက်ပြိုင်ပွဲတစ်ခု အစပြုစေတယ်လို့ မြောက်ကိုရီးယားက ဆိုပါ တယ်။
နယ်စပ်မှာ ပဋိပက္ခတွေမဖြစ်အောင် မြောက်ကိုရီးယားနဲ့ စစ်ရေးဆွေးနွေးမှုတွေပြုလုပ်ဖို့ တောင်ကိုရီးယားက အဆိုပြုပြီးနောက် မြောက်ကိုရီးယားက အခုလို ပြောကြားလိုက်တာပါ။
တောင်ကိုရီးယားဟာ မြောက်ကိုရီးယားကို ရန်လိုသော ရည်ရွယ်ချက်တွေ မရှိဘူးလို့ တောင်ကို ရီးယားသမ္မတရုံးက ပြောပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်ကြား သဘောတူညီချက်ဟာ တိုင်းပြည်ကို ကာကွယ်ဖို့နဲ့ နှစ်နိုင်ငံ ကြား လုံခြုံရေးမဟာမိတ်ပြုမှု ခိုင်မာစေဖို့ ရည်ရွယ်တယ်လို့ တောင်ကိုရီးယားသမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ကန်ယူဂျန်က ပြောပါတယ်။
ကိုးကား – AFP
Ref; North Korea says Seoul-US submarine deal will trigger ‘nuclear domino’ effect