ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၉ ရက်

အရှေ့အလယ်ပိုင်းဒေသမှာ အင်အားချိန်ခွင်လျှာ ပြောင်းလဲစေနိုင်မယ့် သဘောတူညီချက်တစ် ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးလိုက်ပါတယ်။

ဆော်ဒီအာရေးဘီးယားနိုင်ငံသို့ နောက်ဆုံးပေါ် F-35 ဂျက်တိုက်လေယာဉ်တွေ ရောင်းချဖို့ ဒေါ် နယ်ထရမ့်က သဘောတူခဲ့ပါတယ်။

အင်္ဂါနေ့က ဆော်ဒီအာရေဗျ အိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆော်လ်မန်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံပြီး ဆွေးနွေးစဉ် သဘောတူညီချက်ကို ၎င်းက ကြေညာခဲ့ပါတယ်။

၂၀၁၈ ခုနှစ်နောက်ပိုင်း အမေရိကန်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်တဲ့ ဆော်ဒီအာရေဗျ အိမ်ရှေ့စံမင်းသားကို ဒေါ်နယ်ထရမ့်က South Lawn က အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။

ဆော်ဒီအာရေးဘီးယားနိုင်ငံက အမေရိကန်မှာ ဒေါ်လာ ၆၀၀ ဘီလီယံမှ ဒေါ်လာ တစ်ထရီလီယံ အထိ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မယ့်အစီအစဉ်တွေကိုလည်း သူက ကြေညာခဲ့ပါတယ်။

အစ္စရေးနိုင်ငံနဲ့လိုမျိုး သဘောတူညီချက်တစ်ရပ်အရ အမေရိကန်က ဆော်ဒီအာရေးဘီးယားသို့ F-35 ဂျက်တိုက်လေယာဉ်တွေ ရောင်းချမယ်လို့ ၎င်းက ပြောပါတယ်။

အစ္စရေးနိုင်ငံက အမေရိကန်ရဲ့ ဆော်ဒီအာရေးဘီးယားနဲ့ သဘောတူညီချက်ကို သတိမူမိပြီး ပြည် သူတွေ ပျော်ရွှင်ကြလိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။

အစ္စရေးနိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသမှာ F-35 ဂျက်တိုက်လေယာဉ်တွေ ပိုင်ဆိုင်ထားတဲ့ တစ်ခုတည်းသောတိုင်းပြည် ဖြစ်ပါတယ်။

ယခုသဘောတူညီချက်ကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ အင်အားချိန်ခွင်လျှာ ပြောင်းလဲလာ နိုင်တယ်လို့ မီဒီယာတွေက ဖော်ပြပြီး တရုတ်နဲ့ ဆော်ဒီအာရေးဘီးယားရဲ့ နီးကပ်သော ဆက်ဆံရေးကို ထိခိုက်လာနိုင်တယ်လို့ ဆိုပါတယ်။

အစ္စရေးနဲ့ ဆက်ဆံရေး ပုံမှန်ပြုလုပ်ရေးကိစ္စရပ်ကိုလည်း ဒေါ်နယ်ထရမ့်နဲ့ ဘင်ဆော်လ်မန်တို့က ဆွေးနွေးခဲ့ပြီး Abraham Accords လို့ခေါ်တဲ့ သဘောတူညီချက်မှာ ပူးပေါင်းမယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ Abraham Accords မှာ ပါဝင်ချင်ပေမယ့် နှစ်နိုင်ငံ အဖြေရှာရေးလမ်းကြောင်းကို ဖြစ်စေချင်ပါတယ်” လို့ ဘင်ဆော်လ်မန်က ပြောပါတယ်။

ကိုးကား – NHK
Ref; US to sell F-35 jets to Saudi Arabia