ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၈ ရက်

ပြီးခဲ့တဲ့အပတ်က အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်ူ ဂျာဗားပြည်နယ်ရှိ ဒေသနှစ်ခုမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုတွေ ဖြစ်ပွားခဲ့ရာ လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က စီလာကတ်မြို့တော်မှာ မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ရာ နေအိမ် ဒါဇင်နဲ့ချီ မြေကြီး အောက်နစ်မြှုပ်သွားခဲ့တယ်လို့ ဘေးအန္တရာယ်လျှော့ချရေးအေဂျင်စီက ပြောပါတယ်။

မြေပြိုမှုမှာ လူတွေပါ နစ်မြှုပ်သွားတာကြောင့် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင် ရွက်ရာမှာ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ အဆိုပါအေဂျင်စီက ဆိုပါတယ်။

စီလာကတ်မြေပြိုမှုကြောင့် လူ ၁၆ ဉီးထက်မနည်း သေဆုံးခဲ့ပြီး ၇ ဉီး ပျောက်ဆုံးနေတယ်လို့ ပြည် နယ် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲ အဗ္ဗဒူလာက ပြောပါတယ်။

အပျက်အစီးတွေကို တူးဖော်ဖို့ မြေတူးစက်တွေ စေလွှတ်ခဲ့တယ်လို့ Kompas TV ရုပ်သံဌာနက နိုဝင်ဘာလ ၁၇ ရက်မှာ ဖော်ပြပါတယ်။

ဂျာဗားအလယ်ပိုင်းမှာ နိုဝင်ဘာလ ၁၅ ရက်က မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူနှစ်ဉီး သေဆုံးခဲ့ပြီး ၂၇ ဉီး ပျောက်ဆုံးနေတယ်လို့ ဘေးအန္တရာယ် လျှော့ချရေးအေဂျင်စီက ဆိုပါတယ်။ နေအိမ် ၃၀ လုံးကျော် အပြင် စိုက်ခင်းတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ စက်တင်ဘာလအတွင်း မိုးရာသီ စတင်ခဲ့ပြီး ဧပြီလအထိ ကြာမြင့်ကာ မိုး သည်းထန်မှုနဲ့ ရေကြီးရေလျှံမှု ဖြစ်စေတဲ့အန္တရာယ်ရှိတယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။

ကိုးကား – Reuters
Ref; Landslides in Indonesia’s Central Java kill at least 18; dozens missing