ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၈ ရက်

တယ်လီကွန်းလုပ်ငန်း ရောင်းချမှုနဲ့ပတ်သက်လို့ အခွန်ပြန်ဆောင်ဖို့ ထိုင်းတရားရုံးချုပ်က အ ကျဉ်းချခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

၂၀၀၆ ခုနှစ်မှာ သက်ဆင်ကို အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးခံရပြီး သူ့ရဲ့ကုမ္ပဏီ Shin Corp ရှိ အစုရှယ်ယာတွေ အခွန်ရှောင်တိမ်းပြီး ရောင်းချခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတယ်။

နောက်နှစ်မှာ အာဏာသိမ်းမှုတစ်ခုအတွင်း ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချခံခဲ့ရပြီး ဆယ်စုနှစ်တစ်ခု ကျော် ပြည်ပသို့ ရှောင်တိမ်းခဲ့ရပါတယ်။

အသက် ၇၆ နှစ်အရွယ် သက်ဆင်ဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် အကျင့်ပျက်ချ စားမှုနဲ့ ဗန်ကောက်မြို့ရှိ အကျဉ်းထောင်တစ်ခုမှာ အကျဉ်းကျနေပါတယ်။

အခွန်ဆောင်ဖို့ အခွန်ဉီးစီးဌာနရဲ့ ညွှန်ကြားချက်ကို လိုက်နာဖို့ သက်ဆင်ကို အမိန့်ပေးပါတယ်လို့ တရားရုံးချုပ်က တနင်္လာနေ့မှာ ပြောပါတယ်။

အခွန်နဲ့ဒဏ်ကြေးအဖြစ် ဒေါ်လာ သန်း ၅၄၀ နဲ့ ညီမျှတဲ့ ဘတ် ၁၇ ဒသမ ၆ ဘီလီယံ ပေးဆောင်ဖို့ တရားရုံးချုပ်က သက်ဆင်ကို အမိန့်ပေးခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ တန်ကြေးရှိ တယ်လီကွန်းကုမ္ပဏီ အစုရှယ်ယာတွေ ရောင်းချမှုကို အစိုးရအဖွဲ့အတွင်း အတိုက်အခံတွေ ရှိခဲ့ပါတယ်။

ရှင်နာဝပ်ထရာမိသားစုဟာ ထိုင်းနိုင်ငံရေးမှာ အရှိန်အဝါကြီးမားခဲ့ပြီး လူထုထောက်ခံမှု မြင့်မား ကာ ကွန်ဆာဗေးတစ်တွေက ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ထားပါတယ်။

ရှင်နာဝပ်ထရာမိသားစုဟာ ဥပဒေပိုင်းဆိုင်ရာနဲ့ နိုင်ငံရေးအရ ထိုးနှက်မှုတွေ ရင်ဆိုင်ခဲ့ရပြီး သက် ဆင်ရဲ့သမီးဖြစ်သူ ပေထောင်တန်ကို ကျင့်ဝတ်ပိုင်းဆိုင်ရာ ချိုးဖောက်မှုကြောင့် မကြာသေးမီက ရာထူးမှ ဖယ်ရှားခဲ့ပါတယ်။

ကိုးကား – AFP
Ref; Thai court orders ex-PM Thaksin to pay US$500 million tax bill: Reports