ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၈ ရက်
သူ့ကို ရာထူးပြုတ်စေတဲ့ ကျောင်းသားတွေဉီးဆောင်တဲ့ ဆန္ဒပြပွဲတွေကို ဖြိုခွင်းမှုကြောင့် လူ သားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာစီနာ ကို သေဒဏ်ချမှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဆန္ဒပြပွဲတွေအတွင်း လူ ၁၄၀၀ သေဆုံးစေခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူတွေ ကို အင်အားသုံးဖြိုခွင်းမှုကြောင့် ရှိတ်ခ်ဟာစီနာမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICT) က မျက်ကွယ်မှာ စီရင်ချက်ချ မှတ်ခံထားရတဲ့ ရှိတ်ခ်ဟာစီနာဟာ ၂၀၂၄ ခုနှစ်မှာ ရာထူးမှဖယ်ရှားခံရပြီးနောက် အိန္ဒိယမှာ ခိုလှုံခဲ့ပါ တယ်။
ဆန္ဒပြပွဲတွေအတွင်း လူပေါင်း ရာနဲ့ချီ သေဆုံးတာဟာ ရှိတ်ခ်ဟာစီနာရဲ့ လက်ချက်ကြောင့်လို့ အစိုးရရှေ့နေတွေက စွပ်စွဲခဲ့ပြီး ၎င်းက စွဲချက်အားလုံးကို ငြင်းဆန်ခဲ့ပါတယ်။
ရှိတ်ခ်ဟာစီနာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၁၅ နှစ်ကြာအောင် အုပ်ချုပ်ခဲ့ပြီး စီးပွားရေး ဖွံ့ဖြိုးတိုး တက်အောင် ဉီးဆောင်ခဲ့ပေမယ့် အတိုက်အခံတွေကို ဖိနှိပ်တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
လူထုဆန္ဒပြပွဲတွေကြောင့် ရှိတ်ခ်ဟာစီနာဟာ ပြည်ပသို့ ထွက်ပြေးခဲ့ရပြီး နိုဘယ်လ်ငြိမ်းချမ်း ရေးဆုရှင် မိုဟာမက်ယူနွတ်စ်က ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရက ရှိတ်ခ်ဟာစီနာကို သေဒဏ်ပေးတဲ့ အဆိုပါပြစ်ဒဏ်ကို သ မိုင်းဝင်လုပ်ရပ်အဖြစ် ခေါ်ဆိုခဲ့ပါတယ်။
ရှိတ်ခ်ဟာစီနာမှာ နိုင်ငံတော်သစ္စာဖောက်မှု၊ သတ်ဖြတ်ဖို့အမိန့်ပေးမှုနဲ့ ဆန္ဒပြပွဲတွေအတွင်း အ ကြမ်းဖက်မှုတွေကို ဟန့်တားဖို့ပျက်ကွက်မှု အစရှိတဲ့ စွဲချက်သုံးခုမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
ကိုးကား – BBC
Ref; Bangladesh’s ousted leader Sheikh Hasina sentenced to death