ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၇ ရက်

ဂျပန်နိုင်ငံက ထိုင်ဝမ်အရေးမှာ စစ်ရေးအရ ဝင်စွက်ဖက်ရင် တိုင်းပြည်တစ်ခုလုံးကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲလိုက်တာလို့ တရူတ်စစ်တပ်ရဲ့အာဘော် သတင်းစာက ဖော်ပြပါတယ်။

ထိုင်ဝမ်ကို အင်အားသုံးသိမ်းပိုက်ရင် ဂျပန်က ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ စေလွှတ်မယ်လို့ ဂျ ပန်ဝန်ကြီးချုပ် ဆာနေးတာကိုင်ချိက နိုဝင်ဘာလ ၇ ရက်မှာ လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

ဂျပန်ရဲ့ စွက်ဖက်မှုကို ကျူးကျော်တိုက်ခိုက်မှုတစ်ခုအဖြစ် ရှုမြင်ကြောင်း တရုတ်နိုင်ငံက အစော ပိုင်းမှာ ပြောကြားခဲ့ပြီး အပြင်းအထန် လက်တုံ့ပြန်မယ်လို့ ဆိုပါတယ်။

ဂျပန်ဟာ စစ်ရေးနည်းလမ်းနဲ့ အခြားတိုင်းပြည်ရဲ့ ပြည်တွင်းရေးမှာ စွက်ဖက်လိုတဲ့ရည်ရွယ်ချက် ကို ဆာနေးက ဖွင့်ဟပြခဲ့တာလို့ တရုတ်စစ်တပ်ပိုင်သတင်းစာက ဖော်ပြပါတယ်။

ဂျပန်ရဲ့ လုပ်ရပ်တွေဟာ တိုင်းပြည်ကို ပြန်လမ်းမရှိတဲ့လမ်းကို ဉီးတည်စေနိုင်တယ်လို့ တရုတ် ခေတ်ပြိုင် နိုင်ငံတကာဆက်ဆံရေးအင်စတီကျု့မှ သုတေသီ Xu Yongzhi က ရေးသားခဲ့ပါတယ်။

“ဂျပန်ရဲ့လုပ်ရပ်တွေဟာ တစ်နိုင်ငံလုံးကို စစ်မြေပြင်တစ်ခု ဖြစ်လာစေနိုင်ပါတယ်” လို့ ၎င်းက ဆောင်းပါးထဲမှာ ရေးသားခဲ့ပါတယ်။

ဂျပန်ဟာ မြောက်ပိုင်းရှိ ဟော့ကိုင်းဒိုးကျွန်းမှ တောင်ပိုင်းရှိ အိုကီနာဝါရှိ ဒါဇင်နဲ့ချီတဲ့ လေဆိပ် တွေ၊ ဆိပ်ကမ်းတွေကို စစ်ဘက်နဲ့ အရပ်ဘက်သုံး လေဆိပ်နဲ့ဆိပ်ကမ်းတွေအဖြစ် ပြောင်းလဲခဲ့ပြီး လေဆိပ် နဲ့ဆိပ်ကမ်း ၃၉ ခုမှာ ဂျက်တိုက်လေယာဉ်တွေ၊ စစ်ဘက် သယ်ယူပို့ဆောင်ရေးလေယာဉ်တွေ ဖြန့်ကြက် ထားပါတယ်။

“ဂျပန်က ထိုင်ဝမ်အရေးမှာ ဝင်စွက်ဖက်ရင် ဂျပန်အစိုးရဟာ တစ်နိုင်ငံလုံးကို ကိုယ့်ဘာသာ ဖျက် ဆီးမှု ဖြစ်လာပါလိမ့်မယ်” လို့ Xu Yongzhi က ဆိုပါတယ်။

တရုတ်က ထိုင်ဝမ်ကို တရုတ်ပြည်မကြီးရဲ့ အစိတ်အပိုင်းအဖြစ် ရှုမြင်ပြီး လိုအပ်ရင် အင်အားသုံး ပြန်ပေါင်းစည်းမယ်လို့ ပြောဆိုထားပါတယ်။

ဂျပန်နဲ့ အမေရိကန်အပါအဝင် နိုင်ငံအများစုက ထိုင်ဝမ်ကို အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အ သိအမှတ်မပြုပေမယ့် ထိုင်ဝမ်ကို အင်အားသုံးသိမ်းပိုက်တာကို ဆန့်ကျင်ပြီး စစ်လက်နက်တွေထောက်ပံ့ ဖို့ ကတိပြုထားပါတယ်။

ကိုးကား – South China Morning post
Ref; PLA Daily warns Japan of ‘path of no return’ if its military intervenes in Taiwan