ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၇ ရက်

ဖိလစ်ပိုင်နိုင်ငံက လာမယ့်နှစ်မှာ အာဆီယံအဖွဲ့ရဲ့ ဥက္ကဌတာဝန် ယူမှာဖြစ်လို့ မြန်မာ့အရေး ငြိမ်း ချမ်းသော အဖြေရှာဖို့ နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇာရိုအား အထူးကိုယ်စားလှယ်အဖြစ် ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ်က ခန့်အပ်လိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရရှိဖို့ ဆက်လက်လုပ် ဆောင်မယ်လို့ ၂၀၂၆ ခုနှစ်၊ အာဆီယံ ဥက္ကဌတာဝန်ယူမှု အခမ်းအနားမှာ မားကို့စ်က ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ အပြည်ပြည်ဆိုင်ရာဥပဒေကို လိုက်နာကာ သမားရိုးကျနဲ့ သမားရိုးကျမဟုတ် တဲ့ လုံခြုံရေးကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မယ်လို့ သူက ဆိုပါတယ်။

“ပူးပေါင်းဆောင်ရွက်မှုနဲ့ နားလည်မှုမှတစ်ဆင့် ကမ္ဘာ့အသိုင်းအဝိုင်းမှာ ငြိမ်းချမ်းရေးနဲ့ တိုးတက်မှု အင်အားတစ်ခုအဖြစ် အာဆီယံအဖွဲ့က သူ့ရဲ့အခန်းကဏ္ဍကို မြှင့်တင်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါ တယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

သူ့ကို ပေးအပ်ထားတဲ့ အခွင့်အာဏာနဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ရဲ့ လမ်းညွှန်ချက် အတိုင်း မြန်မာပြည်သူတွေကို ပံ့ပိုးကူညီမယ့် အပြုသဘောဆောင်သော၊ အားလုံးပါဝင်တဲ့ အဖြေတစ်ခုကို လာဇာရိုက ဆောင်ကြဉ်းပေးမယ်လို့ ယုံကြည်ကြောင်း မားကို့စ်က ပြောပါတယ်။

ဘုံသဘောတူညီချက် (၅) ရပ်ဆိုတာ ၂၀၂၁ ခုနှစ်မှာ အာဆီယံခေါင်းဆောင်တွေ သဘောတူထား တဲ့ မြန်မာ့အရေး ငြိမ်းချမ်းရေး လမ်းညွှန်မြေပုံတစ်ခု ဖြစ်ပါတယ်။

ကိုးကား – Xinhua
Ref; Philippine foreign secretary designated as special envoy on Myanmar situation