ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၆ ရက်

မှတ်တမ်းအစီအစဉ်တစ်ခုမှာ တည်းဖြတ်ထားတဲ့ မိန့်ခွန်းတစ်ခု ထုတ်လွှင့်မှုနဲ့ပတ်သက်လို့ လာ မယ့်အပတ်မှာ ဗြိတိန်သတင်းဌာန BBC ကို အရေးယူမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြော ပါတယ်။

“လာမယ့်သီတင်းပတ်မှာ ဒေါ်လာ ၁ ဘီလီယံနဲ့ ၅ ဘီလီယံကြား နစ်နာကြေးတောင်းဆိုဖို့ BBC သ တင်းဌာနကို ကျွန်တော်တို့ တရားစွဲဆိုမှာဖြစ်ပါတယ်” လို့ ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ Air Force One လေယာဉ်ပေါ်မှာ ပြောပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်လို့ လာမယ့်အပတ်မှာ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတန်မာကို ဖုန်းခေါ်ဆို မယ်လို့ သူက ဆိုပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ မိန့်ခွန်းတစ်ပိုင်းတစ်စမှာ ၂၀၂၁ ခုနှစ် Capitol Hill အဓိကရုဏ်းအဖြစ် ခေါ်ဆိုခဲ့ တယ်ဆိုတဲ့ ထင်မြင်ယူဆချက်ဖြစ်အောင် ဆက်ထားတယ်လို့ ဗြိတိန်သတင်းစာတစ်စောင်က အစော ပိုင်းမှာ ဖော်ပြခဲ့ပါတယ်။

တည်းဖြတ်ထားတဲ့ ဒေါ်နယ်ထရမ့်ရဲ့မိန့်ခွန်းကို ပြီးခဲ့တဲ့နှစ်က BBC အစီအစဉ်တစ်ခုမှာ ထုတ်လွှင့် ခဲ့တာပါ။

ဒေါ်နယ်ထရမ့်ရဲ့ရှေ့နေတွေဟာ BBC သတင်းဌာနသို့ စာတစ်စောင် ပေးပို့ကာ မိန့်ခွန်းထုတ်လွှင့် တဲ့ အစီအစဉ်ကို ပြန်ရုတ်သိမ်းဖို့၊ တောင်းပန်ဖို့နဲ့ သင့်တော်တဲ့ လျော်ကြေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

BBC သတင်းဌာနက ကြာသပတေးနေ့မှာ ကြေညာချက်တစ်ရပ် ထုတ်ပြန်ကာ မိန့်ခွန်းတည်း ဖြတ်မှုအတွက် တောင်းပန်ခဲ့ကြောင်း အိမ်ဖြူတော်သို့ စာတစ်စောင် ပေးပို့ခဲ့တယ်လို့ ပြောပါတယ်။

“အသရေဖျက်မှုဆိုတဲ့ ပြောဆိုချက်ကို ကျွန်တော်တို့ လုံးဝ သဘောမတူပါဘူး” လို့ BBC သတင်း ဌာနရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ကိုးကား – NHK
Ref; Trump threatens to sue BBC over edited speech ‘probably’ next week