ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၆ ရက်

လက်ရှိမှာ ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်တာ မပြုလုပ်ကြဖို့ တရုတ်နိုင်ငံသားတွေကို တ ရုတ်အာဏာပိုင်တွေက တိုက်တွန်းနေပါတယ်။

ဂျပန်ဝန်ကြီးချုပ် တာကိုင်ချိဆာနေးရဲ့ ထိုင်ဝမ်အရေး မှတ်ချက်စကားကို လက်တုံ့ပြန်တာလို့ တ ရုတ်အာဏာပိုင်တွေက ပြောပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့နှောင်းပိုင်းမှာ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ ပြီး ဆာနေးရဲ့ ထိုင်ဝမ်အရေး ရန်လိုသောမှတ်ချက်ကို ရှုတ်ချကာ နှစ်နိုင်ငံကြား အပြန်အလှန်လည်ပတ်မှု ကို အပျက်သဘောဆောင်စွာ ထိခိုက်စေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

ဂျပန်နိုင်ငံရှိ တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်နဲ့ ဘေးကင်းလုံခြုံမှုဟာ ယခုအခါ အန္တရာယ် ရှိလာတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပြီး လုံခြုံရေး အခြေအနေကို အပြည့်အဝ ဂရုစိုက်ကြဖို့ တိုက်တွန်း လိုက်ပါတယ်။

ထိုင်ဝမ်အရေး စစ်ရေးအရ အရေးပေါ်အခြေအနေဟာ ဂျပန်ကို ခြိမ်းခြောက်နေတဲ့ အခြေအနေ တစ်ရပ်အဖြစ် သတ်မှတ်နိုင်တယ်လို့ ဆာနေးက ဒီလအစောပိုင်းမှာ လွှတ်တော်၌ ပြောကြားခဲ့ပါတယ်။

တရုတ်မှ ဂျပန်သို့လာတဲ့ ခရီးသွားတွေ၊ နှစ်နိုင်ငံကြား အပြန်အလှန်လည်ပတ်ရေး အစီအစဉ်တွေ နဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း တရုတ်မှ ခရီးသွားအရေအတွက်ဟာ ၇ ဒသမ ၄၈ သန်း ရှိခဲ့ရာ ဂျပန်သို့လာတဲ့ ကမ္ဘာလှည့်ခရီးသွား အများဆုံးဖြစ်ခဲ့တယ်လို့ ဂျပန် ခရီးသွားလုပ်ငန်း အဖွဲ့အ စည်းက ပြောပါတယ်။

ကိုးကား – NHK
Ref; Chinese citizens urged to stop visiting Japan over Takaichi’s remark on Taiwan