ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၅ ရက်

 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ ၁၄ ရက်၊ အမျိုးသားနေ့တွင် ပေးအပ်ခဲ့သော ဂုဏ်ထူးဆောင်တံဆိပ်များ ရရှိသူများထဲတွင် အမေရိကန်အစိုးရ၏ ပိတ်ဆို့အရေးယူမှု (Sanction) ခံထားရသူများ အပါအဝင်၊ ပြည်တွင်း အရက်နှင့် ဆေးလိပ်ကုမ္ပဏီဒါရိုက်တာများ၊ ဘဏ်ပိုင်ရှင်များ စသည့် ခရိုနီလုပ်ငန်းရှင်ကြီးများစွာ ပါဝင်ခဲ့ကြောင်း သိရသည်။

အမေရိကန်အစိုးရ၏ ပိတ်ဆို့အရေးယူမှုခံထားရသည့် ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် ATOM ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်၊ Max မြန်မာဂရု ဦအုန်းကျော်၊ ရွှေသံလွင် ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ A bank ဥက္ကဋ္ဌ ဦးအာယု၊ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း မန်နေကျင်းဒါရိုက်တာ ဦးသန်းထိုက်စံ နှင့် UAB Bank Foundation ဥက္ကဋ္ဌ ဦးနေအောင်၊ မြန်မာ့ရှေ့ဆောင်ဘဏ် ဒါရိုက်တာ ဒေါ်ဟန်စုခိုင်တို့သည် စွမ်းဆောင်မှု ဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ် စီမံထူးချွန်တံဆိပ် ( တတိယအဆင့်) ရရှိကြောင်းသိရသည်။

လူမှုထူးချွန်ဆုတံဆိပ်ရရှိသူများတွင် ပြည်တွင်းသောက်သုံးမှုအများဆုံးရှိသည့် Grand Royal ကုမ္ပဏီဒါရိုက်တာ ဦးအောင်မိုးကျော်၊ Mavious ဆေးလိပ်ထုတ်လုပ်သည့် Focus Star Tobacco မှ ဦးညီညီလွင်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ သီလဝါစက်မှုဇုန်ဥက္ကဋ္ဌ ဦးဝင်းအောင်၊ EFD group ဥက္ကဋ္ဌ ဦးစိုင်းမျိုးဝင်းတို့အပါအဝင် ခရိုနီလုပ်ငန်းရှင်များစွာ တို့ပါဝင်ကြောင်း သိရသည်။

 

ထို့ပြင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်းလင်း၊ Max ဘိလပ်မြေ စက်ရုံမှ ဦးဇော်ဝင်း၊ Dagon Group of Company ဒါရိုက်တာ ဒေါက်တာမိုးမြမြ၊ UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် ကျောက်မျက်ရတနာလုပ်ငန်းတည်ထောင်သူများ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ရရှိခဲ့ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။