ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၅ ရက်
ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၃၃၀ တန်ကြေးရှိ စစ်လက်နက်တွေရောင်းချမယ်လို့ အမေရိကန်နိုင် ငံက ကြေညာလိုက်ပါတယ်။
ဇန်နဝါရီလအတွင်း ဒေါ်နယ်ထရမ့် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ထိုင်ဝမ်သို့ စစ်လက်နက်ရောင်းချမှု ဖြစ်လာမှာပါ။
ထိုင်ဝမ်သို့ရောင်းချမယ့် စစ်လက်နက်တွေထဲမှာ F-16 ဂျက်တိုက်လေယာဉ်တွေ၊ C-130 စစ် ဘက် သယ်ယူပို့ဆောင်ရေးလေယာဉ်တွေရဲ့ အစိတ်အပိုင်းတွေ၊ နည်းပညာနဲ့ ထောက်ပံ့ပို့ဆောင်ရေး အ ကူအညီတွေ ပါဝင်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
စစ်လက်နက်ရောင်းချမှုကြောင့် ထိုင်ဝမ်ဟာ လက်ရှိနဲ့ အနာဂတ် ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နိုင် မယ့်စွမ်းရည် တိုးတက်လာမယ်လို့ ပင်တဂွန်က ပြောပါတယ်။
ထိုင်ဝမ်က အမေရိကန်နိုင်ငံရဲ့ ကြေညာချက်ကို ကြိုဆိုခဲ့ပြီး ယခုလုပ်ဆောင်ချက်ဟာ ထိုင်ဝမ်ရဲ့ လုံခြုံရေးအတွက် အမေရိကန်ရဲ့ ကတိကဝတ်ကို ခိုင်မာစွာ စောင့်ထိန်းမှုဖြစ်တယ်လို့ ကြေညာချက်တစ် ခုအတွင်း ပြောပါတယ်။
တရုတ်နိုင်ငံကမူ အမေရိကန်ရဲ့ ကြေညာချက်ကို ပြတ်သားစွာ တုံ့ပြန်ခဲ့ပြီး ထိုင်ဝမ်မေးခွန်းဟာ တရုတ်-အမေရိကန် ဆက်ဆံရေးမှာ စည်းမကျော်ရမယ့် ပထမဆုံး အနီရောင်မျဉ်းဖြစ်တယ်လို့ နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျင်းက ပြောပါတယ်။
“အမေရိကန်က ထိုင်ဝမ်ကို စစ်လက်နက်ရောင်းချဖို့ ကြေညာတာဟာ တရုတ်ရဲ့ အချုပ်အခြာ အာဏာနဲ့ လုံခြုံရေး ချိုးဖောက်မှုဖြစ်ပြီး ထိုင်ဝမ် ခွဲထွက်ရေးတပ်ဖွဲ့အတွက် မှားယွင်းတဲ့ အချက်ပြမှု ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ကြေညာချက်ကို တရုတ်က အပြင်းအထန် ဆန့်ကျင်ပါတယ်” လို့ ၎င်းက ဆို ပါတယ်။
ကိုးကား – NHK
Ref; US approves $330 mil. arms sale to Taiwan