ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၅ ရက်
ဂျပန်နိုင်ငံက ထိုင်ဝမ်အရေးမှာ ဝင်စွက်ဖက်ဖို့ တပ်ဖွဲ့အင်အားသုံးဖို့ ကြိုးစားရင် စိစိညက်ကြေ အောင် ချေမှုန်းခံရမယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့မှာ ပြောပါတယ်။
ဂျပန်ဝန်ကြီးချုပ် ဆာနေးတာကိုင်ချိရဲ့ ထိုင်ဝမ်အရေး မှတ်ချက်စကားကြောင့် တရုတ်နဲ့ တင်းမာ မှုတွေ ဖြစ်စေခဲ့ပါတယ်။ တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်ရင် ဂျပန်က စစ်ရေးအရ လက်တုံ့ပြန်မယ်လို့ ဆာနေးက ပြီးခဲ့တဲ့အပတ် လွှတ်တော်မှာ ပြောဆိုခဲ့တာပါ။
အိုဆာကာမြို့ရှိ ဂျပန် ထိပ်တန်းသံတမန်တစ်ဉီးက တာကာချိရဲ့ ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ မှတ်ချက်စကားပါတဲ့သတင်းကို လူမှုကွန်ရက် X မှာ မျှဝေကာ ဂျပန်ဝန်ကြီးချုပ်ကို ခေါင်းဖြတ်သင့်တယ် လို့ မှတ်ချက်ရေးခဲ့ရာ ပေကျင်းမြို့ရှိ ဂျပန်သံရုံးက တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆွန်ဝေဒေါင်ထံ ကန့်ကွက်ခဲ့ပါတယ်။
ဂျပန်ဝန်ကြီးချုပ် တာကိုင်ချိရဲ့ စကားလုံးတွေဟာ အလွန်အမင်း တာဝန်မဲ့ပြီး အန္တရာယ်များတယ် လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျင်ဘင်က ပြောပါတယ်။
“ဂျပန်နိုင်ငံက အတိတ်ကနေ သင်ခန်းစာမယူပဲ ထိုင်ဝမ်အရေးမှာ ဝင်စွက်ဖက်ဖို့ အင်အားသုံးရဲရင် တရုတ်စစ်တပ်ရဲ့ စိစိညက်ကြေအောင် ချေမှုန်းတာခံရမှာဖြစ်ပြီး တန်ဖိုးကြီးကြီး ပေးရပါလိမ့်မယ်” လို့ ၎င်းက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
တရုတ်ဆန့်ကျင်ရေး မြင့်တက်လာမှုကို စိုးရိမ်တာကြောင့် အပြင်ထွက်တာ ရှောင်ကြဉ်ကြဖို့ တို ကျိုမြို့ရှိ တရုတ်သံရုံးက ဝန်ထမ်းတွေကို ညွှန်ကြားထားပါတယ်။
တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ငြိမ်းချမ်းသော အဖြေရှာဖို့ ဂျပန်က မျှော်လင့်ကြောင်း ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မီနိုရူကီဟာရာက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ဂျပန်ရဲ့ ထိုင်ဝမ်အရေး ရပ်တည်ချက် အား သတင်းထောက်တွေကို ပြောပါတယ်။
တရုတ်နိုင်ငံဟာ မကြာသေးမီက ထိုင်ဝမ် လွတ်လပ်ရေး ခွဲထွက်ရေးသမားတွေအပေါ် တိုက်ခိုက် မှုတွေ အရှိန်မြှင့်လာခဲ့ပါတယ်။
ဒီသီတင်းပတ်အတွင်း ဂျာမနီသို့ သွားရောက်ခဲ့တဲ့ အာဏာရ DPP မှ လွှတ်တော်အမတ် ပူးမားချန် ကို တရုတ် ထိုင်ဝမ်ရေးရာရုံးက ဝေဖန်ခဲ့ပါတယ်။
ပြည်ပရောက်ရင် ဖမ်းဆီးခံရမယ်လို့ တရုတ်က ခြိမ်းခြောက်နေပေမယ့် သူက မကြောက်ဘူးလို့ ပူး မားချန်က ပြောပါတယ်။
ခွဲထွက်ရေးဝါဒ လုပ်ဆောင်တဲ့ ထိုင်ဝမ်မှ လူမှုကွန်ရက် ထင်ပေါ်ကျော်ကြားသူနှစ်ဉီးအတွက် ဒေါ်လာ ၃၅၀၀၀ ချီးမြှင့်မယ်လို့ တရုတ်ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ကာ ဆုကြေးထုတ်ခဲ့ပါတယ်။
ကိုးကား – The Asahi Shimbun
Ref; Japan will suffer ‘crushing defeat’ if it tries to intervene over Taiwan, China military says