ဧရာ၀တီတိုင်းမ်
(တောင်ငူ) နိုဝင်ဘာ ၁၄ ရက်
ပဲခူးတိုင်း၊ တောင်ငူမြို့၊ (၂၀) ရပ်ကွက်ရှိ Global Grace Hotel အတွင်းရှိ KTV အခန်းထဲတွင် ဝါယာရှော့ဖြစ်ပြီး မီးထလောင်ခဲ့ရာ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
Global Grace Hotel အတွင်းရှိ GG – KTV၊ အခန်း နံပါတ် (၁) တွင် ယနေ့ နိုဝင်ဘာ ၁၄ ရက်၊ နံနက် ၉ နာရီအချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဝါယာရှော့လို့ ပြောတာပဲ။ နှစ်ဦးတော့ ဒဏ်ရာ ရသွားတယ်။ တောင်ငူမြို့ KTV တွေက ဧရာဝတီတိုင်းမ် မှာ သတင်းတက်လာကတည်းက ပိတ်ထားတာ ကြာပြီ။ အခန်းထဲ ဝါယာရှော့ ဖြစ်တယ်ဆိုတော့ ခိုးဖွင့်တယ် ထင်တာပဲ” ဟု တောင်ငူမြို့ခံ တဟ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ မီးလောင်မှုကြောင့် လူသေဆုံးမှု မရှိသော်လည်း လူနှစ်ဦး ဒဏ်ရာ ရရှိသွားခဲ့ကြောင်း တောင်ငူ မြို့ခံများထံမှ သိရသည်။