ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၄ ရက်
ယူကရိန်းသို့ စစ်ရေးအကူအညီ ဒေါ်လာ သန်း ၅၀၀ ပူးပေါင်းကူညီဖို့ နောဒစ်နဲ့ ဘောလ်တစ်နိုင်ငံ များမှ ကာကွယ်ရေးဝန်ကြီးတွေနဲ့ အိုက်စလန် နိုင်ငံခြားရေးဝန်ကြီးတို့က ကြာသပတေးနေ့မှာ ကြေညာခဲ့ ပါတယ်။
ဟယ်လ်ဆင်ကီးမြို့တော်မှာ တွေ့ဆုံပြီးနောက် ဒိန်းမတ်၊ အက်စတိုနီးယား၊ လတ်ဗီးယား၊ လစ်သူ ယေးနီးယား၊ နော်ဝေမှ ကာကွယ်ရေးဝန်ကြီးတွေနဲ့ အိုက်စလန် နိုင်ငံခြားရေးဝန်ကြီးတွေဟာ ပူးတွဲ ကြေ ညာချက်တစ်ရပ် ထုတ်ပြန်ကာ ယူကရိန်းလုံခြုံရေးဟာ ဉရောပလုံခြုံရေးအတွက် အခြေခံကျတယ်လို့ ပြောပါတယ်။
“ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်သူတွေရဲ့ မျှော်မှန်းချက်တွေကို အပြည့်အဝ လေးစား သမှုရှိပြီး တာရှည်ခံသော ငြိမ်းချမ်းရေးရရှိဖို့ လုပ်ဆောင်နေပါတယ်” လို့ ထုတ်ပြန်ချက်က ဖော်ပြပါ တယ်။
အနာဂတ်မှာ ရုရှားရဲ့ ကျူးကျော်မှုကို ခုခံနိုင်ရေး ရေရှည် စစ်ရေးအကူအညီတွေ ထောက်ပံ့ပေးဖို့ လည်း ဝန်ကြီးတွေက ကတိပြုခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ယူကရိန်းနိုင်ငံအတွက် အမေရိကန်ထုတ် စစ်လက်နက်တွေ ဝယ်ယူနိုင်ဖို့ ဉီးစားပေး ယူကရိန်း လိုအပ်ချက်စာရင်း (PURL) အရ ဒေါ်လာ သန်း ၅၀၀ ထောက်ပံ့ကြောင်း ထုတ်ပြန်ချက်က ပြောပါတယ်။
ယခုအကူအညီဟာ ရုရှားရဲ့ ကျူးကျော်မှုကို ခုခံကာကွယ်နေတဲ့ ယူကရိန်းသို့ တိုက်ရိုက် ပေးအပ် မှာဖြစ်ပြီး နောဒစ်နဲ့ ဘောလ်တစ်နိုင်ငံတွေက ယူကရိန်းသို့ ဆက်လက်ပံ့ပိုးတဲ့ နည်းလမ်းတွေထဲက တစ် ခုဖြစ်တယ်လို့ ဆိုပါတယ်။
“ယူကရိန်းရဲ့လုံခြုံရေးဟာ ကျွန်တော်တို့လုံခြုံရေးနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ ရုရှားကျူး ကျော်စစ် အောင်မြင်လို့ မရပါဘူး” လို့ အဆိုပါဝန်ကြီးတွေက ပြောပါတယ်။
ကိုးကား – Anadolu
Ref; Nordic, Baltic nations pledge $500M in new military support for Ukraine