ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၄ ရက်
ထိုင်ဝမ်နဲ့ပတ်သက်တဲ့ ဆိုးရွားသောမှတ်ချက်စကားကို ပြန်ရုတ်သိမ်းဖို့ တရုတ် နိုင်ငံခြားရေးဝန် ကြီးဌာနက ဂျပန်ဝန်ကြီးချုပ် ဆာနေးတာကိုင်ချိကို တောင်းဆိုခဲ့ပြီး မှတ်ချက်အတွက် အကျိုးဆက်အား လုံးကို ဂျပန်က တာဝန်ယူရမယ်လို့ သတိပေးလိုက်ပါတယ်။
တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်ရင် ဂျပန်က စစ်ရေးအရ တုံ့ပြန်နိုင်တယ်လို့ ဆာနေးက ပြီးခဲ့တဲ့အ ပတ်အတွင်း လွှတ်တော်မှာ မှတ်ချက်ပြုခဲ့ရာ တရုတ်နဲ့ သံတမန်ရေးအရ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။
ဆာနေးရဲ့မှတ်ချက်ဟာ တရုတ်ပြည်တွင်းရေးမှာ စွက်ဖက်မှုတစ်ခုဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးအ တွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင် ကျင်းက ပေကျင်းမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ဂျပန်က ထိုင်ဝမ်အရေးမှာ စစ်ရေးအရ ဝင်စွက်ဖက်ရဲရင် တရုတ်က ပြတ်ပြတ်သားသား ပြန် လည်တိုက်ခိုက်သွားမယ်” လို့ သူက ဆိုပါတယ်။
ဂျပန်ဝန်ကြီးချုပ် ဆာနေးဟာ ပြဿနာရှာသူတစ်ဉီးဖြစ်ပြီး စည်းမထားဘဲ ဆက်လက်ပြီး ပြောဆို ပါက တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ တရုတ်နိုင်ငံပိုင် ရုပ်သံဌာန CCTV က ဖော်ပြပါတယ်။
ဆာနေးရဲ့ မှတ်ချက်နဲ့ပတ်သက်တဲ့ သတင်းတစ်ပုဒ်ကို မျှဝေကာ ‘ညစ်ပတ်သောခေါင်းကို ဖြတ် သင့်တယ်” လို့ မှတ်ချက်ရေးခဲ့သူ အိုဆာကာမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ် Xue Jian ကို နှင်ထုတ်ဖို့ ဂျ ပန် အကြီးတန်း နိုင်ငံရေးသမားတွေက တောင်းဆိုခဲ့ပါတယ်။
ဂျပန်-တရုတ် ဆက်ဆံရေးကို တိုက်ရိုက် မထိခိုက်စေတဲ့ သင့်တော်သော အရေးယူမှု လုပ်ဆောင် ဖို့ တရုတ်ကို ဂျပန်က တိုက်တွန်းမည်ဖြစ်ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆုမိုတီဂီက ပြောပါ တယ်။
ကိုးကား – Reuters
Ref; China urges Japan PM Sanae Takaichi to retract ‘egregious’ remarks on Taiwan