ဧရာဝတီတိုင်းမ်
နို‌ဝင်ဘာ ၁၄ ရက်

 

ထိုင်း-တရုတ် ချစ်ကြည်ရေး နှစ်ငါးဆယ်ပြည့်အထိမ်းအမှတ်အဖြစ် ထိုင်းဘုရင် မဟာဝဇီရာ လောင်ကွန်း နှင့် မိဖုရားဆုသီဒါတို့သည် ယမန်နေ့ နို‌ဝင်ဘာ ၁၃ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့သို့ ပထမဆုံးအကြိမ်အဖြစ်သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ကြိုဆိုခဲ့ကြောင်း ထိုင်းသတင်းဌာန Khaosod English တွင် ဖော်ပြထားသည်။

 

ထိုင်းတော်ဝင်ဇနီးမောင်နှံတို့သည် နိုဝင်ဘာ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သမိုင်းဝင် နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်ခြင်းဖြစ်သည်။

ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းသည် တရုတ်သမ္မတ ရှီကျင်းဖျင်၏ ဖိတ်ကြားချက် အရ သွားရောက်ခြင်းဖြစ်ပြီး ယင်းခရီးစဉ်သည် ထိုင်းဘုရင်တစ်ပါးအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင်သွားရောက်ခြင်း ဖြစ်သည်။

 

ထိုင်းနိုင်ငံ၏ ယခုခရီးစဉ်မှတစ်ဆင့် အစဉ်အလာချစ်ကြည်ရေးရှေ့ဆက်နိုင်ရေး၊ နိုင်ငံရေးအရ အပြင်အလှန် ယုံကြည်မှုခိုင်မြဲရန်အပါအဝင် ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

 

ထိုင်းဘုရင်၏ တရုတ်နိုင်ငံသို့သွားရောက်မည့် နိုင်ငံတော်ခရီးစဉ် မစတင်မီ နိုဝင်ဘာ ၁၂ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထား‌သည့် တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံသားအဖြစ်ခံယူထားသူ ကျားဖြန့်ခေါင်းဆောင် ရှီကျီကျန်းကို တရုတ်အာဏာပိုင်များထံ လွှဲပြောင်း ပေးအပ်ခဲ့သည်။

ဓာတ်ပုံ Khaosod English