ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၄ ရက်

သြစတြေးလျနဲ့ အင်ဒိုနီးရှားနိုင်ငံမှ ခေါင်းဆောင်တွေဟာ ဗုဒ္ဓဟူးနေ့က ဆစ်ဒနီမြို့တော်မှာ ဆွေး နွေးမှုတွေ ပြုလုပ်ပြီးနောက် ပိုမိုနီးကပ်သော စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပါဝင်တဲ့ လုံခြုံရေး စာချုပ်သစ်တစ်ခုကို လက်မှတ်ရေးထိုးဖို့ သဘောတူလိုက်ပါတယ်။

အာရှ-ပစိဖိတ်ဒေသမှာ တရုတ်အင်အားကြီးမားလာမှုကို ဟန့်တားမှုအဖြစ် သြစတြေးလျဟာ ကာ လရှည်မဟာမိတ် အမေရိကန်နဲ့ ဆက်ဆံရေး တိုးမြှင့်ခဲ့သလို စစ်အင်အား တိုးမြှင့်လျက်ရှိပါတယ်။

နှစ်နိုင်ငံကြား လုံခြုံရေးဆိုင်ရာ သဘောတူညီချက်သစ်တစ်ရပ် ဆွေးနွေးညှိနှိုင်းမှုတွေ ပြီးစီးပြီလို့ ဆစ်ဒနီမြို့တော်ရှိ ရေတပ်အခြေစိုက်စခန်းတစ်ခုမှာ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီဘန်တိုနဲ့အတူ သြ စတြေးလျဝန်ကြီးချုပ် အန်ထော်နီအယ်လ်ဘာနိစ်က ပြောပါတယ်။

“ဒီစာချုပ်ဟာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှု ရရှိစေဖို့ အကောင်းဆုံးနည်းလမ်းဆိုတာ နှစ်နိုင်ငံစလုံးရဲ့ အသိအမှတ်ပြုမှုတစ်ရပ် ဖြစ်ပါတယ်” လို့ အယ်လ်ဘာနိစ်က သတင်းထောက်တွေကို ပြောပါတယ်။

သဘောတူညီချက်သစ်ကို လက်မှတ်ရေးထိုးနိုင်ရေး လာမယ့်နှစ်မှာ အင်ဒိုနီးရှားသို့ လာရောက်ဖို့ မျှော်လင့်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

၂၀၂၄ ခုနှစ် သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် နှစ်နိုင်ငံစလုံးမှ ထောင်ချီတဲ့ တပ် ဖွဲ့ဝင်တွေဟာ ဂျာဗားအရှေ့ပိုင်းမှာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

သဘောတူညီချက်သစ်အရ နှစ်နိုင်ငံစလုံးက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ခေါင်းဆောင် သို့မ ဟုတ် ဝန်ကြီးအဆင့်မှာ ပုံမှန် တွေ့ဆုံဆွေးနွေးရမယ်လို့ အယ်လ်ဘာနိစ်က ဆိုပါတယ်။

သဘောတူညီချက်သစ်အရ နှစ်နိုင်ငံစလုံးဟာ ကာကွယ်ရေးနဲ့ လုံခြုံရေးနယ်ပယ်မှာ နီးကပ်သော ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရမယ်လို့ ပရာဘိုဝိုက ပြောပါတယ်။

“အင်ဒိုနီးရှားလို နိုင်ငံတွေဟာ အိမ်နီးချင်းတွေကို ရွေးချယ်လို့ မရပါဘူး။ အိမ်နီးချင်းကောင်းတွေ ဟာ ခက်ခဲတဲ့အချိန်တွေမှာ အပြန်အလှန် ကူညီကြပါတယ်” လို့ ပရာဘိုဝိုက ဆက်ပြောပါတယ်။

အာရှ-ပစိဖိတ်ဒေသဟာ တရုတ်နဲ့ အမေရိကန်ကြား ပြိုင်ဆိုင်ရာနေရာဖြစ်တာကြောင့် သြစတြေး လျက အင်ဒိုနီးရှားနဲ့ နီးကပ်သောဆက်ဆံရေးဖြစ်လာဖို့ မျှော်လင့်နေပါတယ်။

ကိုးကား – AFP
Ref; Australia, Indonesia agree to sign new security treaty