ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၃ ရက်
အမေရိကန် လေယာဉ်တင်သင်္ဘောတစ်စင်း ကာရစ်ဘီယံဒေသသို့ ဆိုက်ရောက်လာခဲ့ရာ ဗင်နီဇွဲ လားနိုင်ငံဝန်းကျင်မှာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။
မူးယစ်မှောင်ခိုရေယာဉ်တွေကို တိုက်ခိုက်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ လကတည်းက အမိန့်ပေးခဲ့တာပါ။
ပမာဏများပြားသော မူးယစ်ဆေးဝါးတွေကို ဗင်နီဇွဲလားလိုတိုင်းပြည်များမှ အမေရိကန်နိုင်ငံသို့ မှောင်ခိုကူးနေတယ်လို့ သူက ပြောကြားခဲ့ပါတယ်။
မူးယစ်ဆေး မှောင်ခိုကူးမှုတိုက်ဖျက်ဖို့ မြေပြင် ထိုးစစ်ဆင်မှု လုပ်ဆောင်ဖွယ်ရှိတယ်လို့ ဒေါ်နယ် ထရမ့်က ဆိုပါတယ်။
ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘော USS Gerald R. Ford ဉီးဆောင်တဲ့ တိုက်ခိုက်ရေး သင်္ဘောအုပ်စုဟာ လက်တင်အမေရိကနဲ့ ကာရစ်ဘီယံဒေသပါဝင်တဲ့ အမေရိကန် တောင်ပိုင်းကွပ်ကဲမှု ဌာချုပ်ဧရိယာထဲ ဝင်လာခဲ့ပြီလို့ အမေရိကန်ရေတပ်က အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။
တိုက်ခိုက်ရေးသင်္ဘောအုပ်စုမှာ တိုမာဟော့ခ်ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ ဖျက်သင်္ဘောတွေ ပါဝင်တယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။
အဆိုပါစစ်သင်္ဘောတွေရဲ့ ပစ်ခတ်နိုင်စွမ်းဟာ မူးယစ်ဆေး မှောင်ခိုကူးရာမှာ အသုံးပြုတဲ့ လှေ ငယ်တွေကို တိုက်ခိုက်နိုင်တာထက် ပိုတယ်လို့ သတင်းတွေက ဆိုပါတယ်။
ဗင်နီဇွဲလားနိုင်ငံကလည်း အင်္ဂါနေ့မှာ စစ်ရေးလေ့ကျင့်မှုတွေ စတင်ခဲ့ပါတယ်။ ဗင်နီဇွဲလား ကာ ကွယ်ရေးဝန်ကြီး ဗလာဒီမာပက်ဒရီနိုက အမေရိကန်အစိုးရကို ဝေဖန်ခဲ့ပြီး ကမ္ဘာမှာ ဗိုလ်ကျလိုတဲ့ အမေ ရိကန်နိုင်ငံရဲ့ ရည်ရွယ်ချက်ကို တစ်ကမ္ဘာလုံးက တစ်ညီတစ်ညွတ်တည်း ကန့်ကွက်ကြတယ်လို့ ပြောပါ တယ်။
ရွေ့လျားပစ်စင်တွေပေါ်ရှိ ဒုံးကျည်တွေကို စစ်ဆေးနေတဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ အခြား တာဝန် ရှိသူတွေရဲ့ ရုပ်သံဖိုင်တွေကို ဗင်နီဇွဲလား နိုင်ငံပိုင်ရုပ်သံလွှင့်ဌာနက ဖော်ပြခဲ့ပါတယ်။
ကိုးကား – NHK
Ref; Venezuela on alert as US aircraft carrier arrives in region