ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၃ ရက်

ထိန်းချုပ်နယ်မြေမှ အမေရိကန်ပြည်သူတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ကို ပံ့ပိုးကူညီမှုကြောင့် အမေရိကန်နိုင်ငံက ဗုဒ္ဓဟူးနေ့မှာ ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုအပေါ် ငွေကြေး ဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း အရှေ့တောင်အာရှဒေသရှိ ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေဟာ ထောင်ချီတဲ့ လူတွေကို လူကုန်ကူးကာ မြန်မာနိုင်ငံတွင်းမှာ အများစုတည်ရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေက အဓမ္မ ခိုင်း စေခဲ့ပါတယ်။

ကျားဖြန့်လုပ်ငန်းတွေကို အမေရိကန်နိုင်ငံရဲ့ နောက်ဆုံးအကြိမ် ဒဏ်ခတ် ပိတ်ဆို့မှုဟာ DKBA အဖွဲ့နဲ့ ခေါင်းဆောင်လေးဉီး၊ တရုတ်ရာဇဝတ်ဂိုဏ်းနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို ရည်ရွယ်တာလို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

“မြန်မာနိုင်ငံပြင်ပရှိ ရာဇဝတ်ဂိုဏ်းတွေဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှတစ်ဆင့် အမေရိ ကန်ပြည်သူတွေထံကနေ ဒေါ်လာဘီလီယံချီ ခိုးယူနေပါတယ်” လို့ အမေရိကန် အကြမ်းဖက်မှုနှင့် ဘဏ္ဍာ ရေး ထောက်လှမ်းရေးဆိုင်ရာ လက်ထောက်ဝန်ကြီး ဂျွန်ဟာလေက ပြောပါတယ်။

ကျားဖြန့်ကွန်ရက်တွေဟာ လူကုန်ကူးနေပြီး မြန်မာပြည်တွင်းစစ်ကို အားပေးနေကြောင်း၊ အမေ ရိကန်ပြည်သူတွေကို ကာကွယ်ပေးဖို့ ကျားဖြန့်လုပ်ငန်းတွေ မည်သည့်နေရာမှာရှိသည်ဖြစ်စေ အမေရိ ကန်အစိုးရက အရေးယူမှာဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

ကိုးကား – Reuters
Ref; US issues sanctions against Myanmar armed group over scams