ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်

လူ ၁၃ ဉီး သေဆုံးခဲ့တဲ့ သမိုင်းဝင် ခံတပ်နီအနီး ကားဗုံးပေါက်ကွဲမှုမှာ ပါဝင်သူတွေကို ချမ်းသာ ပေးမှာမဟုတ်ဖူးလို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ကတိပြုခဲ့ပြီး ရဲတပ်ဖွဲ့က တိုက်ခိုက်မှုကို အကြမ်း ဖက်မှုဥပဒေအရ စုံစမ်းစစ်ဆေးနေပါတယ်။

၂၀၁၁ ခုနှစ်နောက်ပိုင်း နယူးဒေလီမြို့မှာ ပထမဆုံးဖြစ်စဉ်ဖြစ်တဲ့ ကားဗုံးပေါက်ကွဲမှုဟာ မူဆလင် အများစုနေထိုင်ရာ လူနေထူထပ်တဲ့ဧရိယာမှာ ဖြစ်ပွားခဲ့တာပါ။

ကားဗုံးပေါက်ကွဲမှုကြောင့် အာဏာပိုင်တွေက နယူးဒေလီမြို့မှာ အမြင့်ဆုံးအဆင့် လုံခြုံရေး တပ် လှုန့်ထားပြီး ဒုတိယအဆင့် ပြည်နယ်ရွေးကောက်ပွဲပြုလုပ်တဲ့ ဘီဟာပြည်နယ်မှာလည်း လုံခြုံရေး တိုးမြှင့် ထားပါတယ်။

“ပြစ်မှုကျူးလွန်သူအားလုံးကို အရေးယူသွားမှာဖြစ်ပါတယ်” လို့ အိမ်နီးချင်း ဘူလ်တန်နိုင်ငံသို့ နှစ် ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ မိုဒီက ပြောပါတယ်။

အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ရာနတ်ဂျ်ဆင်းကလည်း ဝန်ကြီးချုပ် မိုဒီရဲ့စကားအတိုင်း သံယောင် လိုက်ခဲ့ပြီး စုံစမ်းစစ်ဆေးမှု တွေ့ရှိချက်တွေကို မကြာမီ ထုတ်ပြန်မယ်လို့ ပြောပါတယ်။

နာမည်ကျော် ခရီးသွားနယ်မြေတစ်ခုဖြစ်တဲ့ ခံတပ်နီအနီး ရထားဂိတ်တစ်ခုနဲ့ကပ်လျက်ရှိ မီးပွိုင့် မှာ ရပ်တန့်ခဲ့တဲ့ ကားတစ်စင်းမှ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ရဲတပ်ဖွဲ့ရဲ့ ကနဉီး စုံစမ်းစစ်ဆေးမှုအရ သိရပါ တယ်။

နယူးဒေလီမြို့မှာ နောက်ဆုံးအကြိမ် အထင်ကရ တိုက်ခိုက်မှုမှာ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့ပြီး ဒေ လီတရားရုံးချုပ်အပြင်ဘက်မှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၅ ဉီး သေဆုံးခဲ့ပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့ပါ တယ်။

အဆိုပါတိုက်ခိုက်မှုဟာ အိန္ဒိယ မူဂျာဟစ်ဒင်အဖွဲ့၊ ပါကစ္စတန်နိုင်ငံအခြေစိုက် အကြမ်းဖက်အဖွဲ့ တစ်ခုနဲ့ ဆက်စပ်ခဲ့တယ်လို့ သိရပါတယ်။

ကိုးကား – Reuters
Ref; Modi vows Delhi blast perpetrators ‘will not be spared’ as Indian capital remains on high alert