ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်

အဇာဘိုင်ဂျန်-ဂျော်ဂျီယာနယ်စပ်အနီး ခရီးသည် ၂၀ ဉီးထက်မနည်း တင်ဆောင်လာတဲ့ တူရကီ စစ်ဘက်ကုန်တင်လေယာဉ်တစ်စင်း ပျက်ကျခဲ့တယ်လို့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါ တယ်။

လေယာဉ်ပျက်ကျမှုမှာ သေဆုံးသူအရေအတွက်ကို တာဝန်ရှိသူတွေက အတည်မပြုခဲ့ပေမယ့် တူ ရကီသမ္မတ အာဒိုဂန်က အစောပိုင်းမှာ သေဆုံးသူတွေအတွက် ဝမ်းနည်းစကား ပြောကြားခဲ့ပါတယ်။

လေယာဉ်ပျက်ကျရာနေရာမှာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ခဲ့ပြီး လေယာဉ်ပေါ် မှာ အမှုထမ်းတွေ ပါဝင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

C-130 ကုန်တင်လေယာဉ်ဟာ အဇာဘိုင်ဂျန်မှ တူရကီသို့ မောင်းနှင်ချိန် ပျက်ကျခဲ့တာလို့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ကုန်တင်လေယာဉ်ဟာ အချက်မပြဘဲ ရေဒါမှ ပျောက်ကွယ်သွားခဲ့တယ်လို့ ဂျော်ဂျီယာ လေ ကြောင်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။

အဆိုပါကုန်တင်လေယာဉ်ဟာ အဇာဘိုင်ဂျန်မှ ၃ မိုင်အကွာ ဆင်နာဂီမြို့အနီး ပျက်ကျခဲ့တာလို့ ဂျော်ဂျီယာ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

လေယာဉ်အမှုထမ်းတွေ အသက်ဆုံးရှုံးရတဲ့သတင်းကြောင့် အလွန် စိတ်မကောင်းဖြစ်ရတယ်လို့ အဇာဘိုင်ဂျန်သမ္မတ အီဟမ်အလီယက်ဗ်က အာဒိုဂန်ထံ ပေးပို့တဲ့ သဝမ်လွှာအတွင်း ပြောကြားခဲ့ပြီး တူရ ကီပြည်သူတွေအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

တူရကီကုန်တင်လေယာဉ် ပျက်ကျမှုကြောင့် လွန်စွာ စိတ်မကောင်းဖြစ်ရတယ်လို့ တူရကီနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး တွမ်ဘားရတ်က လူမှုကွန်ရက် X မှာ ပြောပါတယ်။

C-130 ဆိုတာ ကမ္ဘာတစ်ဝှမ်းရှိ လေတပ်ဖွဲ့တွေ အသုံးပြုနေတဲ့ အမေရိကန်နိုင်ငံထုတ် သယ်ယူပို့ ဆောင်ရေး လေယာဉ်တစ်မျိုး ဖြစ်ပါတယ်။

ကိုးကား – BBC
Ref; Turkish military cargo plane crashes with at least 20 on board