ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်

ယူကရိန်းနိုင်ငံက ပက်ထရီးယော့ လေကြောင်းရန်ကာကွယ်ရေးစနစ် ၂၇ ခု မှာယူဖို့ စီစဉ်နေ တယ်လို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။

သောကြာနေ့မှ တနင်္ဂနွေနေ့အထိ ရုရှားရဲ့ ပြင်းထန်သော တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းနိုင်ငံ ရှိ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေ ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ပြီး ဓာတ်အားပေးစက်ရုံတစ် ခု ပိတ်ပစ်ခဲ့ရပါတယ်။

ပြင်းထန်သော ဆောင်းရာသီမစတင်မီ ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်မှု တွေ ရှိနေပါတယ်။ ၁၂ နာရီကြာအောင် ဓာတ်အားဖြတ်တောက်ဖို့ စီစဉ်ထားတယ်လို့ ယူကရိန်း ဓာတ် အားပေးကုမ္ပဏီတစ်ခုက ကြေညာခဲ့ပါတယ်။

ယူကရိန်း စွမ်းအင်ဆိုင်ရာစနစ်ကို အကြမ်းဖက်တိုက်ခိုက်ဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က အ မိန့်ပေးထားတယ်လို့ တနင်္ဂနွေနေ့ထုတ် ဗြိတိန်သတင်းစာ ဂါးဒီးယန်းနဲ့ အင်တာဗျူးမှာ ဇီလန်စကီးက ပြောပါတယ်။

သူ့အနေနဲ့ အမေရိကန် စစ်လက်နက်ထုတ်လုပ်သူတွေထံမှ ပက်ထရီးယော့ဒုံးခွင်းစနစ် ၂၇ ခု မှာ ယူလိုပြီး ဥရောပတိုင်းပြည်တွေက ရှိယင်းစွဲ ပက်ထရီးယော့ဒုံးခွင်းစနစ်ကို ယူကရိန်းသို့ ငှားရမ်းနိုင်တယ် လို့ သူက ဆိုပါတယ်။

ဗြိတိန်သတင်းစာ ဖိုင်နယ်ရှန်တိုင်းမ်၏ အောက်တိုဘာလမှာဖော်ပြတဲ့ သတင်းတစ်ပုဒ်အရ ယူ ကရိန်းနိုင်ငံသို့ ပက်ထရီးယော့ဒုံးခွင်းစနစ် ၆ ခုထက်မနည်း ထောက်ပံ့ပြီးပြီလို့ သိရပါတယ်။

ယူကရိန်းအရှေ့ပိုင်း ဒွန်းနက်ခ်ဒေသရှိ မဟာဗျူဟာအရ အရေးပါတဲ့ Pokrovsk မြို့ကို သိမ်း ပိုက်ဖို့ ရုရှားစစ်တပ်ရဲ့ ကြိုးပမ်းမှုတွေ မအောင်မြင်ခဲ့သလို ရုရှားတပ်ဖွဲ့ဝင်တွေ အကျအဆုံးများခဲ့တယ် လို့ ဇီလန်စကီးက ပြောပါတယ်။

ကိုးကား – NHK
Ref; Zelenskyy says Ukraine aims to order 27 Patriot air defense systems