ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁ ရက်
စစ်ကော်မရှင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ဝန်ကြီးအချို့နှင့် တိုင်း၀န်ကြီးချုပ်တို့သည် ဧရာဝတီတိုင်းမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည့်အတွက် အစိုးရ၀န်ထမ်းများနှင့်လုပ်ငန်းရှင်များအနေဖြင့် မဲပေးရန် ဖိအားပေးမှုများရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် နို၀င်ဘာလ ၆ရက်နေ့ကပုသိမ်မြို့သို့ စစ်ကော်မရှင်၏ ပြည်ထောင်စု၀န်ကြီး နှစ်ဦးရောက်ရှိလာပြီး ကြံ့ခိုင်ရေးပါတီ၀တ်စုံ၀တ်ကာ သက်ဆိုင်ရာဌာနဆိုင်ရာများသို့သွားရောက်ကာ မဲပေးရန် ဖိအားပေးပြောဆိုခဲ့ခြင်းဖြစ်သည်။
” သူတို့နဲ့ပတ်သတ်တဲ့ဌာနတွေနဲ့ လုပ်ငန်းရှင်တွေကိုမဲထည့်ခိုင်းနေတော့ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မှာလဲ”ဟု ပုသိမ်မြို့မှ နိုင်ငံရေးလေ့လာသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
စစ်ကော်မရှင်လက်အောက်ခံ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေတို့ဧရာဝတီတိုင်းအတွင်းမှ အမျိုးသားလွှတ်တော်နေရာများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ထို့အပြင် ဧရာ၀တီတိုင်း၀န်ကြီးချုပ်ဦးတင်မောင်၀င်းသည် ရေကြည်မြိုနယ် တိုင်းလွှတ်တော်တွင်၀င်ရောက်ယာဥ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင်သည် ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းဖြင့် ကျင်းပမည်ဖြစ်ပြီး လာမည့်ဒီဇင်ဘာလတွင် ပြုလုပ်မည့် အပိုင်းတစ်တွင် ဧရာဝတီတိုင်းမှ ရှစ်မြို့နယ် ပါဝင်သည်။