ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁ ရက်
မြေမြုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုမှာ ထိုင်းတပ်ဖွဲ့တွေ ဒဏ်ရာရရှိပြီးနောက် ကမ္ဘောဒီးယားနဲ့ ငြိမ်း ချမ်းရေး သဘောတူညီချက် အကောင်အထည်ဖော်နေမှုကို ရပ်ဆိုင်းလိုက်ကြောင်း ထိုင်းဝန်ကြီးချုပ် အနု တင်ချန်ဗီရာကူလ်က ပြောပါတယ်။
ထိုင်းနဲ့ကမ္ဘောဒီးယားဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို သက်သေထားပြီး ပြီးခဲ့တဲ့လအ တွင်း အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးခဲ့တာပါ။
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဆီဆာကတ်ပြည်နယ်ရှိ နယ်စပ်ဧရိယာတစ်ခုမှာ တနင်္လာနေ့မနက် ပိုင်းက မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ စစ်သားနှစ်ဉီး ဒဏ်ရာရရှိခဲ့ပြီး တစ်ဉီးက ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့တယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။
မြေမြုပ်မိုင်း ပေါက်ကွဲမှုဖြစ်စဉ်ဟာ အမျိုးသားလုံခြုံရေးအတွက် ရန်လိုမှု လျှော့မသွားတာကို ပြ သတာလို့ အနုတင်က သတင်းထောက်တွေကို ပြောပါတယ်။
အခြေအနေကို ရှင်းပြချိန်အထိ ငြိမ်းချမ်းရေး သဘောတူညီချက် ဖော်ဆောင်မှုကို ရပ်ဆိုင်းမယ်လို့ ထိုင်းနိုင်ငံက ပြောပေမယ့် ကမ္ဘောဒီးယားအစိုးရကတော့ တုံ့ပြန်မှု မပေးသေးပါဘူး။
ဇူလိုင်လအတွင်း လူသေဆုံးမှုတွေရှိခဲ့တဲ့ တိုက်ပွဲတွေ ရက်နဲ့ချီကြာအောင် ဖြစ်ပွားပြီးနောက် မ လေးရှားနိုင်ငံမှာ ဒေါ်နယ်ထရမ့်ရဲ့ ကြားဝင်ဖျန်ဖြေမှုနဲ့ နှစ်နိုင်ငံစလုံးက ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ် ထိုးခဲ့ပါတယ်။
ငြိမ်းချမ်းရေး သဘောတူညီချက်အရ နှစ်နိုင်ငံစလုံးက နယ်စပ်ဒေသမှ လက်နက်ကြီးတွေ ရုတ် သိမ်းကာ မိုင်းရှင်းလင်းရေးမှာ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ကိုးကား – NHK
Ref; Thai PM suspends peace pact with Cambodia after mine blast