ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၀ ရက်

မြန်မာနိုင်ငံရှိ ထိန်းချုပ်နယ်မြေအချို့မှာ ဒီဇင်ဘာလ ၂၈ ရက်မှာစတင်မယ့် စစ်ကော်မရှင်ရဲ့ ရွေး ကောက်ပွဲဟာ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှု၊ အားလုံးပါဝင်မှုနဲ့ အသိအမှတ်ပြုခံရမှုရဖို့ လိုအပ်တဲ့ အများ ယုံကြည်လက်ခံနိုင်စွမ်း အစရှိတဲ့ စံချိန်စံနှုန်းတွေ မပြည့်မီဘူးလို့ ပြင်သစ်နိုင်ငံက ပြောပါတယ်။

မဲမသမာမှုကြောင့်ဟုဆိုကာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ မြန်မာ အထွေထွေရွေးကောက်ပွဲ ၅ နှစ် မြောက် နှစ်ပတ်လည်နေ့မှာ ပြင်သစ်နိုင်ငံက ထုတ်ပြန်ချက်တစ်ခုအတွင်း အခုလို ပြောကြားခဲ့တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဉီးဝင်းမြင့် အပါအဝင် စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း နိုင်ငံရေးအကြောင်းပြချက်နဲ့ ဖမ်းဆီးခံရကာ အကျဉ်းချခံရ သူအားလုံး လွှတ်ပေးဖို့ ပြင်သစ်နိုင်ငံက ထပ်လောင်းတောင်းဆိုပါတယ်။

အရပ်သားတွေ ထိခိုက်သေကျေရတဲ့ မြန်မာစစ်ကော်မရှင်ရဲ့ အကြမ်းဖက်မှုတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ပြင်သစ်နိုင်ငံက ရှုတ်ချပြီး ဒေသတွင်း အကျိုးသက်ရောက်စေတဲ့ မြန်မာပြည်သူတွေရဲ့ ဆိုးရွားသော လူသားချင်းစာနာမှုအခြေအနေကို စိုးရိမ်မိကြောင်း ပြောပါတယ်။

မြန်မာပဋိပက္ခအတွက် ငြိမ်းချမ်းသော၊ တာရှည်ခံသော အဖြေတစ်ခုရှာဖို့ အာဆီယံ ဘုံသဘောတူ ညီချက် (၅) ရပ်ကို ထောက်ခံတယ်လို့ ပြင်သစ်နိုင်ငံက ဆိုပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ဟာ အကြမ်းဖက်မှုတွေ အရှိန်လျှော့ချဖို့နဲ့ အားလုံးပါဝင် သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအဖြေရှာဖို့နဲ့ တာရှည်ခံသော ငြိမ်းချမ်းရေးရဖို့ အာဆီယံဥက္ကဌ မလေးရှား နိုင်ငံ၊ အာဆီယံ အထူးကိုယ်စားလှယ် အော့သမန်ဟာရှင်းနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ်တို့ရဲ့ ကြိုးပမ်းမှုတွေကို ပြင်သစ်နိုင်ငံက ချီးကျူးပါတယ်။

ကိုးကား – France Diplomacy
Ref; Myanmar – Fifth anniversary of the general election (Nov. 8, 2025)