ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၀ ရက်

ထိုင်ဝမ်ဟာ အထီးကျန်မဆန်ပဲ ကမ္ဘာတစ်ဝှမ်း မိတ်ဆွေနိုင်ငံတွေ ပိုများလာကာ စိတ်ဓာတ်ကြံ့ ခိုင်မှုကို ကမ္ဘာကြီးအား ဆက်လက်ပြီး ပြသမယ်လို့ ဥရောပတိုက် သံတမန်ခရီးစဉ်မှ ပြန်လည်ရောက်ရှိ လာတဲ့ ဒုတိယသမ္မတ Hsiao Bi-khim က နိုဝင်ဘာလ ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ အပြင်းအထန် ကန့်ကွက်မှုတွေရှိလင့်ကစား ဒုတိယသမ္မတလို ထိုင်ဝမ် အကြီးတန်း အရာရှိကြီးတစ်ဉီးရဲ့ ဉရောပတိုက်သို့သွားတဲ့ သံတမန်ခရီးစဉ်ဟာ ရှားရှားပါးပါးခရီးစဉ် ဖြစ်ပါတယ်။

ထိုင်ဝမ်ဒုတိယသမ္မတ Hsiao Bi-khim က ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့တော်ရှိ ဥရောပ လွှတ်တော်မှာကျင်းပတဲ့ တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံတကာပါလီမန် ထိပ်သီးဆွေးနွေးပွဲမှာ မိန့်ခွန်းပြော ကြားခဲ့ပါတယ်။

ထိုင်ဝမ်ရဲ့ နိုင်ငံတကာအခြေအနေဟာ အလွန်အမင်း ခက်ခဲပေမယ့် ထိုင်ဝမ်ဟာ ဘယ်တော့မှ လက်မလျှော့ခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုင်ဝမ်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ပါဝင်ခွင့်ရှိ သင့်ကြောင်း ၎င်းက ပြောပါတယ်။

“ထိုင်ဝမ်ဟာ အထီးကျန်မဆန်ပါဘူး။ ကျွန်မတို့ ကမ္ဘာတစ်ဝှမ်းမှာ မိတ်ဆွေနိုင်ငံတွေ ပိုများလာပါ တယ်” လို့ သူက ဆိုပါတယ်။

ထိုင်ဝမ်ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စိတ်စေတနာကောင်း၊ ဒီမိုကရေစီအင်အားကို ကမ္ဘာကြီးကို ပြသဖို့ ယုံကြည်မှု၊ လက်တွေ့ကျမှု၊ ခိုင်မာတဲ့ခြေလှမ်းတွေနဲ့ ကျွန်မတို့ ရှေ့ဆက်မယ်” လို့ Hsiao
Bi-khim က ပြောပါတယ်။

Hsiao Bi-khim ရဲ့ ဥရောပခရီးစဉ်ကို ဥရောပသမဂ္ဂဆိုင်ရာ တရုတ်မစ်ရှင်က ရှုတ်ချခဲ့ပြီး တရုတ် ပြည်တွင်းရေးမှာ စွက်ဖက်မှုဖြစ်ကာ တရုတ်နဲ့ဉရောပသမဂ္ဂကြား နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုကို ဆိုးရွားစွာ ထိခိုက်စေတယ်လို့ ပြောပါတယ်။

Hsiao Bi-khim ရဲ့ ဘရပ်ဆဲလ်ခရီးစဉ်ဟာ ထိုင်ဝမ်အတွက် အလွန်အမင်း အရေးပါတယ်လို့ ထိုင် ဝမ်သမ္မတဟောင်း ဆိုင်အင်ဝမ်းက လူမှုကွန်ရက် Facebook မှာ ရေးသားခဲ့ပါတယ်။

“သမ္မတ လိုင်ချင်တေး ပြောကြားခဲ့သလို ထိုင်ဝမ်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ယုံကြည်စိတ် ချရတဲ့ မိတ်ဖက်တစ်ဉီးအဖြစ် ရပ်တည်နေပါတယ်။ ဥရောပ၊ အခြားမိတ်ဖက်နိုင်ငံတွေနဲ့ ကျွန်မတို့ မမှိတ်မ သုန် ရပ်တည်ပါမယ်” လို့ ၎င်းက ဆိုပါတယ်။

ကိုးကား – Reuters
Ref; Taiwan is not alone, Vice-President says after breakthrough Europe trip