ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၀ ရက်

အမေရိကန် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောတစ်စင်း တောင်ကိုရီးယားနိုင်ငံသို့ လာရောက်လည်ပတ်မှုကို မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး နိုကွမ်ချိုလ်က ရှုတ်ချခဲ့ပြီး ပိုပြင်းထန် တဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုမှုတွေ လုပ်ဆောင်မယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA က နိုကွမ်ချိုလ်ရဲ့ ထုတ်ပြန်ချက်ကို စနေနေ့က ဖော်ပြခဲ့ပါတယ်။

သောကြာနေ့က ပြီးဆုံးခဲ့တဲ့ အမေရိကန်-တောင်ကိုရီးယား ပူးတွဲ လေကြောင်းလေ့ကျင့်မှုဟာ ကို ရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ အရှိန်မြှင့်စေတဲ့ လုပ်ရပ်တစ်ခုအဖြစ် ၎င်းက ဝေဖန်ခဲ့ပါတယ်။

တနင်္လာနေ့က အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth နဲ့ တောင်ကိုရီးယား ကာကွယ် ရေးဝန်ကြီး အန်ဂျူဘတ်ခ်တို့ဟာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားကြား နယ်စပ်ရှိ ပန်မွန်ဂျုံရွာကို လည်ပတ်ခဲ့ပါတယ်။

အဆိုပါခရီးစဉ်ဟာ မြောက်ကိုရီးယားနိုင်ငံအပေါ် ရန်လိုသော သဘာဝကိုဖော်ပြတဲ့ လုပ်ရပ်ဖြစ် တယ်လို့ နိုကွမ်ချိုလ်က ပြောပါတယ်။

“ဘယ်လိုအရာကိုမဆို တုံ့ပြန်ဖို့ ကျွန်တော်တို့ အဆင်သင့်ပါ၊ ရန်သူရဲ့ ခြိမ်းခြောက်မှုတွေအပေါ် ပိုပြင်းထန်တဲ့ ထိုးစစ်ဆင် အရေးယူမှု ကျွန်တော်တို့ ပြသပါမယ်” လို့ ၎င်းက ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ သောကြာနေ့က တာလတ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ဂျပန်ပင်လယ် ပြင်သို့ ပစ်လွှတ်ခဲ့ရာ ကီလိုမီတာ ၇၀၀ ခန့်အထိ ရောက်ရှိခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါ တယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုဟာ အမေရိကန် သို့မဟုတ် မဟာမိတ်တွေအတွက် တိုက် ရိုက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ဖူးလို့ အမေရိကန်စစ်တပ် အာရှ-ပစိဖိတ်ကွပ်ကဲမှုဌာနချုပ်က သောကြာ နေ့မှာ ပြောကြားခဲ့ပါတယ်။

အမိမြေနဲ့ ဒေသတွင်းရှိ မဟာမိတ်တွေကို ကာကွယ်ပေးဖို့ အမေရိကန်နိုင်ငံက အဆင်သင့်ရှိတယ် လို့ အာရှ-ပစိဖိတ်ကွပ်ကဲမှုဌာနချုပ်က ဆိုပါတယ်။

ကိုးကား – NHK
Ref; N.Korea defense minister threatens ‘more offensive action’