ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၉ ရက်

ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးနှင့် ညောင်ခြေ ထောက်စစ်မျက်နှာတွင် ရခိုင်ရိုးပေါ်သို့ စစ်ကြောင်း ထိုးရန် စေလွှတ်ခဲ့သည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ အလုံးအရင်းနှင့်ထွက်ပြေးနေ၍ စစ်‌ကော်မရှင်က လိုက်လံရှာဖွေကာ အင်အားထပ်မံပို့ဆောင်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်နေ့တွင် ရိုးပေါ်သို့ စေလွှတ်လိုက်သည့် စစ်ကော်မရှင် စစ်ကြောင်းမှ တပ်ဖွဲ့ဝင် ၅၀ ခန့်မှာ လက်နက်များနှင့်တကွ ထွက်ပြေးသွားကြောင်း သိရသည်။

“ဆင်လန်နဲ့ ညောင်ခြေထောက်ကြားမှာ အခြေပြုနေပြီး အဲ့ကတစ်ဆင့် စစ်အင်အားတွေဖြည့်တင်းဖို့ တောက်လျှောက်လုပ်နေတယ်။ ဥသျှစ်ပင်လမ်းကို မသုံးတော့ဘဲ ၂၇ မိုင် လမ်းဟောင်းကနေ လှုပ်ရှား နေတာ လက်နက်ကြီးစခန်းတွေပါ ပြင်ဆင်ပြီးတော့”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြော သည်။

စစ်ကော်မရှင်သည် စစ်အင်အားဖြည့်တင်းမှုလုပ်ဆောင်ရန်အတွက် ဥသျှစ်ပင်လမ်းကို အသုံးပြုခြင်း မရှိတော့ဘဲ အခြေပြု တပ်စွဲထားသည့် ၂၇ မိုင်လမ်းဟောင်း အသုံးပြု၍ အင်ကြင်းမြောင်တကြောတွင် အခြေပြု အင်အား ဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း သတင်းရင်း မြစ်ထံမှ သိရသည်။

စစ်ကော်မရှင်သည် ပန်းကန်ကွဲကျေးရွာအနီးရှိ ၎င်းတို့၏ ၆၆၆ ပွိုင့်ကုန်းစခန်း ထိုးစစ်ဆင်တိုက်ခိုက် ခံနေရပြီးနောက် ပွိုင့်ကုန်းအနီးတစ်ဝိုက်တွင်သာမက ညောင်ခြေထောက်အနီးသို့ပါ အင်အားဖြည့်

တင်း မှုများ ဆက် တိုက်ပြုလုပ်လာခြင်းဖြစ်သည်။

စစ်ကော်မရှင်သည် ၎င်းတို့၏ ရွေးကောက်ပွဲကျင်းပရန် ဖော်ပြထားသည့် တောင်ကုတ်ကို နယ်မြေ စိုးမိုးမှုပြန်လည်ရယူရန်အတွက် ညောင်ကျိုးစခန်းနှင့် လေသာတောင်တကြောကိုပါ တပ်ဖြန့်နိုင်ရန် ကြိုးစားလျက်ရှိသည်။

သို့ရာတွင် နေရာစုံမှ တပ်ရင်းတပ်မများ၏ ထုတ်နုတ်တပ်အင်အားများနှင့် စစ်မှုထမ်းသင်တန်းဆင်းတပ် သားသစ်များ၊ ရက်တိုသင်တန်းပေးထားသည့် ပြည်သူ့စစ်ပျူစောထီးများကို အသုံးပြုနေရသည့်အတွက် စစ်ကြောင်းစေလွှတ်ရာတွင် အစုလိုက်အပြုံလိုက် ထွက်ပြေးမှုများ ဖြစ်ပေါ်နေကြောင်း သတင်းရင်း မြစ်များထံမှ သိရသည်။

ပုံစာ-စစ်ကော်မရှင်တပ်၏ ဆောင်ပုဒ်တစ်ခုကို တွေ့ရစဉ်။