ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်
ရန်ကုန်တိုင်း၊ တွံတေးနှင့် ကော့မှူးမြို့နယ်များအတွင်း ဂိတ်ကြေးကောက်ခံပြီး ပြန်လာသည့် စစ်တပ်တပ်ဖွဲ့ကို ရခိုင်ရှေ့တန်းမှ အောင်ပွဲရပြီး ပြန်လည်ရောက်ရှိလာသည့် တပ်ဖွဲ့အဖြစ် ရန်ကုန်တိုင်းစစ်ဌာနချုပ် (ရကတ) စစ်တိုင်းမှူးနှင့် အနုပညာရှင်များက ဟန်ပြကြိုဆိုပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်အခြေစိုက် ခမရ (၄၃၅) တပ်ဖွဲ့ဝင်များကို ရန်ကုန်တိုင်းစစ်ဌာနချုပ် စစ်တိုင်းမှူးနှင့် အနုပညာရှင်အချို့ လာရောက်ကာ “အောင်ပွဲရ ရှေ့တန်းပြန် ကြိုဆိုရေး” အမည်ဖြင့် ဝါဒဖြန့်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ တပ်ဖွဲ့ကို ရခိုင်စစ်မျက်နှာပြင်မှ အောင်ပွဲရပြီး ပြန်လာသူများဖြစ်ကြောင်း ဝါဒဖြန့်ထားသော်လည်း မြေပြင်တွင် တကယ့်လက်တွေ့၌ ရန်ကုန်တိုင်း လက် အောက်ခံ တွံတေးနှင့် ကော့မှူးမြို့နယ်များအတွင်း ဂိတ်ကြေးကောက်ခံခြင်းနှင့် နယ်မြေစိုးမိုးရေး အမည်ခံ စေလွှတ်ခံခဲ့ရသည့် တပ်ဖွဲ့သာဖြစ်ကြောင်း သိရသည်။
စစ်တပ်သည် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ၌ အဘက်ဘက်မှ အရေးနိမ့်နေချိန်တွင် စစ်သည်အင်အားနှင့် စိတ်ဓာတ်ရေးရာမြှင့်တင်ရန်အတွက် ရန်ကုန်မြို့ တွင်းရှိ တပ်ဖွဲ့များကို ရခိုင်ရှေ့တန်းပြန် အောင်ပွဲရတပ်ဖွဲ့များအဖြစ် ပုံမှားရိုက် ဝါဒဖြန့်နေခြင်းဖြစ် သည်။