ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၉ ရက်
နိုဝင်ဘာလ ၉ ရက်က ထိုင်း-မလေးရှားနယ်စပ်အနီး စက်လှေတစ်စင်း နစ်မြုပ်ခဲ့ရာ လူရာနဲ့ချီ ပျောက်ဆုံးခဲ့ပြီး အသက်ရှင်သူ ၁၀ ဉီးနဲ့ အလောင်းတစ်လောင်းသာ ပြန်ရခဲ့တယ်လို့ မလေးရှား ပင်လယ် ရေကြောင်း အာဏာပိုင်အဖွဲ့က ပြောပါတယ်။
လူ ၃၀၀ ခန့်တင်ဆောင်ပြီး မြန်မာနိုင်ငံ၊ ဘူးသီးတောင်မြို့မှ ထွက်ခွာလာတဲ့ အဆိုပါစက်လှေ နစ် မြုပ်ပြီးနောက် ၃ ရက်အကြာမှာ ပင်လယ်ပြင်၌ အလောင်းတွေကို တွေ့ရှိနိုင်တယ်လို့ မလေးရှား ပင်လယ် ရေကြောင်း အာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီး ရွမ်လီမူစတာဖာက ပြောပါတယ်။
လန်ကာဝီကျွန်းအလွန် ရေပိုင်နက်အတွင်း တွေ့ရှိခဲ့ရတဲ့ အသက်ရှင်သူတွေထဲမှာ မြန်မာအမျိုး သား ၃ ဉီး၊ ရိုဟင်ဂျာအမျိုးသားနှစ်ဉီးနဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားတစ်ဉီးတို့ ပါဝင်ပြီး သေဆုံးသူမှာ ရိုဟင် ဂျာအမျိုးသမီးဖြစ်တယ်လို့ မလေးရှားနိုင်ငံပိုင်သတင်းဌာန Bernama က ဖော်ပြပါတယ်။
ရိုဟင်ဂျာတွေဟာ တောင်အာရှဒေသမှ နိုင်ငံခြားသားတွေလို့ သတ်မှတ်ခံရကာ နိုင်ငံသားဖြစ်ခွင့် ငြင်းဆန်ခံရပြီး အလွဲသုံးစားလုပ်ခံရမှုကြောင့် မြန်မာနိုင်ငံမှ အလျင်းသင့်သလို ထွက်ပြေးကြပါတယ်။
မလေးရှားနိုင်ငံသို့လာတဲ့ အဆိုပါစက်လှေဟာ ထိုင်း-မလေးရှားနယ်စပ်ရောက်ချိန်မှာ အာဏာပိုင် တွေရဲ့ ဖမ်းဆီးမှုကို ရှောင်ရှားဖို့ လှေပေါ်ပါသူတွေကို လှေငယ်သုံးစင်းပေါ်ခွဲပြီး သယ်ဆောင်ခဲ့တာလို့ သိရ ပါတယ်။
အခြားလှေနှစ်စင်းရဲ့ အခြေအနေကို မသိရသေးဘဲ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးမစ်ရှင်ကို ဆောင် ရွက်နေတယ်လို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။
ကိုးကား – Reuters
Ref; Migrant vessel sinks off Malaysia-Thailand border, hundreds missing