ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၉ ရက်

မုန်တိုင်း ‘ဖန်ဝေါင်’ က စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် အရှိန်ပြင်းလာတာကြောင့် ဖိလစ်ပိုင်အစိုးရက အရှေ့ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေရှိ ဒေသခံပြည်သူ ၁၀၀၀၀၀ ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ပါတယ်။

တိုင်ဖွန်းမုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်မှု၊ မိုးသည်းထန်မှုနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင် လို့ ပြည်သူတွေ သတိထားကြဖို့ ဖိလစ်ပိုင်အစိုးရက တိုက်တွန်းထားပါတယ်။

မုန်တိုင်းသတိပေးချက်ကို လူဇုန်ကျွန်းအပါအဝင် အရှေ့ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ သတိပေး ချက် အဆင့် ၅ အထိ အမြင့်ဆုံးအဆင့် တိုးမြှင့်ခဲ့ပြီး မနီလာမြို့တော်နဲ့ အနီးအနားဝန်းကျင်မှာ သတိပေး ချက် အဆင့် ၃ အထိ သတ်မှတ်ထားပါတယ်။

လေတိုက်နှုန်းဟာ တစ်နာရီ ၁၈၅ ကီလိုမီတာအထိ ရှိလာခဲ့ပြီး ဖိလစ်ပိုင်မှာ အူဝမ်လို့ခေါ်တဲ့ စူပါ တိုင်ဖွန်း ‘ဖန်ဝေါင်’ ဟာ အစောဆုံး နိုဝင်ဘာလ ၉ ရက်မှာ လူဇုန်ကျွန်းအလယ်ပိုင်းရှိ အော်ရိုရာပြည်နယ် မှာ ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်း ဝင်ရောက်လာနိုင်မှုကြောင့် ပြည်တွင်း/ပြည်ပ လေကြောင်းခရီးစဉ် ၃၀၀ ကျော်ကို ဖျက် သိမ်းခဲ့ရတယ်လို့ လေကြောင်းပို့ဆောင်ရေးဌာနက ပြောပါတယ်။

လူ ၂၀၄ ဉီး သေဆုံးခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ‘ကယ်လ်မာဂီ’ ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ် ကာ ဗီယက်နမ်နိုင်ငံသို့ မွှေနှောက်သွားပြီးနောက် ရက်အနည်းငယ်အကြာမှာ စူပါတိုင်ဖွန်းမုန်တိုင်း ‘ဖန် ဝေါင်’ ဖိလစ်ပိုင်ကို ဝင်ရောက်လာတာပါ။

ကိုးကား – Reuters
Ref; Philippines evacuates 100,000 people as Fung-wong intensifies into super typhoon