ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ ရက်
တောင်အာဖရိကအစိုးရရဲ့ လူဖြူလယ်သမားတွေကို ဆက်ဆံပုံကြောင့် တောင်အာဖရိကနိုင်ငံမှာ ကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို အမေရိကန်အစိုးရ တာဝန်ရှိသူတွေ မတက်ရောက်ဘူးလို့ သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
လူဖြူတွေ အကြမ်းဖက်ခံရတာ၊ သေဆုံးတာနဲ့ လူဖြူတွေပိုင်တဲ့ မြေယာနဲ့ လယ်ယာတွေ သိမ်း ဆည်းခံရတာတွေ အပါအဝင် အလွဲသုံးစားလုပ်မှုတွေဟာ ရှက်စရာလို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။
G20 ထိပ်သီးဆွေးနွေးပွဲကို သူတက်ရောက်မှာမဟုတ်ပေမယ့် ဒုတိယသမ္မတ ဂျေဒီဗန့် တက် ရောက်မယ်လို့ အစောပိုင်းမှာ ၎င်းက ကြေညာခဲ့ပါတယ်။
ယခုအခါ ဒုတိယသမ္မတ ဂျေဒီဗန့်လည်း G20 ထိပ်သီးဆွေးနွေးပွဲကို မတက်ရောက်တော့တာကို သူက အတည်ပြုလိုက်တာပါ။
“တောင်အာဖရိကနိုင်ငံမှာ G20 ထိပ်သီးဆွေးနွေးပွဲကျင်းပတာဟာ လုံးဝ ရှက်စရာပါ” လို့ ဒေါ် နယ်ထရမ့်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မျိုးကွဲစုံမှု၊ ရာသီဉတုပြောင်းလဲမှုတွေကို အဓိ က ဆွေးနွေးခဲ့လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဒီနှစ်အစောပိုင်းမှာ အဆိုပါအစည်း အဝေးကို သပိတ်မှောက်ခဲ့ပါတယ်။
တောင်အာဖရိကအစိုးရဟာ လူနည်းစု လူဖြူလယ်သမားတွေကို ဖိနှိပ်ပြီး တိုက်ခိုက်ခွင့်ပြုနေ တယ်လို့ အမေရိကန်အစိုးရက စွပ်စွဲခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ တောင်အာဖရိကမှ ဒုက္ခသည်တွေ လက်ခံတဲ့အရေအတွက်ကို ၇၅၀၀ အထိ ကန့်သတ်ခဲ့ပြီး ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်မှု ရင်ဆိုင်နေရတဲ့ တောင်အာဖရိကလူဖြူတွေကို အဓိက လက်ခံခဲ့ပါတယ်။
ဆယ်စုနှစ် ၃ ခုကျော်ကြာ လူဖြူအုပ်ချုပ်မှု အဆုံးသတ်ပြီးနောက် နိုင်ငံတွင်းရှိ လူဖြူတွေဟာ လူ မည်းတွေထက် လူနေထိုင်မှုအဆင့်အတန်း မြင့်မားပေမယ့် အမေရိကန်အစိုးရရဲ့ ခွဲခြားဆက်ဆံတယ်ဆို တဲ့ စွပ်စွဲချက်တွေကြောင့် အံ့အားသင့်ရတယ်လို့ တောင်အာဖရိကအစိုးရက ပြောပါတယ်။
လူဖြူတွေအပေါ် ခွဲခြားဆက်ဆံခြင်း၊ ဖိနှိပ်ခြင်းဆိုတဲ့ သတင်းတွေဟာ မှားယွင်းတယ်လို့ ဒေါ် နယ်ထရမ့်ကို ပြောကြားခဲ့ပြီးဖြစ်တယ်လို့ တောင်အာဖရိကသမ္မတ ဆိုင်ရေးလ်ရာမာဖိုဆာက ပြောပါ တယ်။
တောင်အာဖရိကနိုင်ငံက G20 အဖွဲ့မှ ထုတ်ပယ်သင့်တယ်လို့ ဒီသီတင်းပတ်အစောပိုင်းက မီယာ မီမြို့မှာ မိန့်ခွန်းတစ်ခုအတွင်း ဒေါ်နယ်ထရမ့်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ကိုးကား – Outlook India
Ref; Trump Says U.S. Will Boycott G-20 In South Africa, Cites Concerns Over Treatment Of White Farmers