ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၈ ရက်
ထိုင်းနိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းခန့်မေဂီအရှိန်ကြောင့် ထိုင်းမြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ မြောက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာ သွန်းနိုင်ပြီး ရေကြီးရေလျှံမှုများဖြစ်လာနိုင်ကြောင်း ထိုင်းမိုးလေဝသဌာနက သတိပေးထုတ်ပြန်ထားသည်။
တိုင်ဖွန်းမုန်တိုင်းခန့်မေဂီသည် လေဖိအားနည်းရပ်ဝန်းအဖြစ်ပြောင်းလဲကာ ယမန်နေ့ကစတင်ကာ ထိုင်းနိုင်ငံအတွင်းသို့ အဖျားခတ်ဝင်ရောက်ခဲ့ပြီး ယနေ့ နိုဝင်ဘာ ၈ ရက်တွင် အဆိုပါလေဖိ အားနည်းရပ်ဝန်းမှာ ထိုင်းအထက်အလယ်ပိုင်း၊ မြောက်ပိုင်းဒေသများသို့ဖြတ်သန်း ရွေ့လျားမည်ဖြစ်ကြောင်း သိရသည်။

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ထိုင်းအနောက်ပိုင်း၊ အလယ်ပိုင်း၊ မြောက်ပိုင်းဒေသများတွင်လည်း မိုးသည်း ထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်နိုင်သည့် အတွက် တောင်ခြေများ၊ မြစ်ချောင်းကမ်းဘေးများ၊ မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် သတိ ထားကြရန် အာဏာပိုင်များက အသိပေးထားသည်။
ထို့ပြင် ထိုင်းတောင်ပိုင်း ကမ်းရိုးတန်းနှင့် ပင် လယ်ပြင်တွင်လည်း မိုးသည်းထန်စွာရွာသွန်းနိုင်ကာ လှိုင်းကြီးနိုင်မည်ဖြစ်ကြောင်းလည်း ထိုင်းမိုးလေဝသကသတိပေးထုတ်ပြန်ထားသည်။
တိုင်ဖွန်းမုန်တိုင်းခန့်မေဂီသည် ပြီးခဲ့သည့်ရက် သတ္တပတ်အတွင်း ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံများသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူရာနှင့်ချီသေဆုံးကာ ရေကြီးရေလျှံမှုအများအပြား ဖြစ်ပေါ်ခဲ့သည်။
ကိုးကား – The Nation Thailand