ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ နျူကလီးယားလက်နက် ပြန်စတင်ဖို့ မှတ်ချက်စကားကို ရှင်းလင်းစေလိုတယ်လို့ ရုရှားနိုင်ငံက ပြောကြားခဲ့ပြီး ယင်းသို့လုပ်ဆောင်ပါက အခြားတိုင်းပြည်တွေရဲ့ ပြင်းထန်သော တုံ့ပြန်မှုတွေ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
မော်စကိုမြို့တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြော ရေးဆိုခွင့်ရအမျိုးသမီး မာရီယာဇာခါရိုဗာက အခုလို မှတ်ချက်ပြုတာပါ။
၃၃ နှစ်ကြာ ရပ်ဆိုင်းထားတဲ့ နျူကလီးယားလက်နက် စမ်းသပ်မှုကို ချက်ချင်း ပြန်လည်စတင်ဖို့ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့အပတ်မှာ အမေရိကန်စစ်တပ်ကို ညွှန်ကြားခဲ့တာပါ။
အမျိုးသား နျူကလီးယား လုံခြုံရေးကောင်စီက လုပ်ဆောင်ရမယ့် နျူကလီးယား ဖောက်ခွဲမှု သို့မ ဟုတ် နျူကလီးယားဒုံးကျည် စမ်းသပ်မှု မည်သည့်စမ်းသပ်မှုကို ဒေါ်နယ်ထရမ့်က ရည်ညွှန်းတယ်ဆိုတာ မရှင်းလင်းပါဘူး။
အမေရိကန်ရဲ့ နျူကလီးယားစမ်းသပ်မှုကို တုံ့ပြန်မှုအဖြစ် ရုရှားနိုင်ငံက နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်နိုင်ရေး အဆိုပြုချက်တွေ ပြင်ဆင်ကြဖို့ သမ္မတ ဗလာဒီမာပူတင်က ဗုဒ္ဓဟူးနေ့မှာ တာဝန်ရှိသူ တွေကို ညွှန်ကြားခဲ့ပါတယ်။
ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့တဲ့ ၁၉၉၁ ခုနှစ်နောက်ပိုင်း ရုရှားနိုင်ငံဟာ နျူကလီးယားစမ်းသပ် မှ မလုပ်ဆောင်ခဲ့ပါဘူး။
ရုရှားနဲ့ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် အများဆုံး ပိုင်ဆိုင်ထားတဲ့ မဟာ အင်အားကြီးနိုင်ငံတွေလို့ သိရပါတယ်။
ကိုးကား – Telegraph India
Ref; Putin warns of ‘serious response’ as Trump orders US to restart nuclear testing after 33 years