ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၇ ရက်
တိုင်ဖွန်းမုန်တိုင်း ကယ်လ်မေဂီ တိုက်ခတ်မှုကြောင့် သေဆုံးသူဉီးရေ ၁၀၀ ကျော်သွားပြီလို့ ဖိလစ် ပိုင်အာဏာပိုင်တွေက ပြောပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေ အရှိန်မြှင့်လုပ်ဆောင်ဖို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ကြာသပတေးနေ့မှာ နိုင်ငံတော် အရေးပေါ်အခြေအနေတစ်ရပ် ကြေညာခဲ့ပါတယ်။
အရေးပေါ်အခြေအနေ ကြေညာမှုကြောင့် အစိုးရအနေနဲ့ ဗျူရိုကရက် လုပ်ထုံးလုပ်နည်းတွေမလို ပဲ အကူအညီတွေ ချက်ချင်း ပေးအပ်နိုင်မှာဖြစ်ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံကို တိုက်ခတ်နိုင်တဲ့ နောက်ထပ်မုန် တိုင်းတစ်ခု ချည်းကပ်လာပြီဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
အင်္ဂါနေ့က ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းကို တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ကယ်လ်မေဂီကြောင့် လူ ၁၁၄ ဉီး သေဆုံးကာ ၁၂၇ ဉီး ပျောက်ဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မုန်တိုင်းကြောင့် စီဘူးကျွန်းမှာ ရေကြီးရေလျှံမှုနဲ့ ပမာဏကြီးမားသော ထိခိုက်ပျက်စီးမှုတွေ ဖြစ် ပွားခဲ့ပါတယ်။
စီဘူးပြည်နယ်မှာ လူ ၇၀ ကျော် သေဆုံးကာ နေအိမ်အများအပြား ပျက်စီးခဲ့ပါတယ်။ စက်တင်ဘာ လနှောင်းပိုင်းက စီဘူးကျွန်းအလွန်မှာ ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှု အခုလို ကြီးမားခဲ့တာပါ။
တိုင်ဖွန်းမုန်တိုင်း ကယ်လ်မေဂီကြောင့် ထိခိုက်ပျက်စီးမှုပမာဏကို အကဲဖြတ်နေပြီး ဘေးသင့် ပြည်သူတွေထံ အကူအညီတွေ ထောက်ပံ့နေတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ကိုးကား – NHK
Ref; Philippines declares national calamity as typhoon death toll tops 100