ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၇ ရက်
ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့တွင် စစ်ဘေးရှောင်များကို ခေါ်ယူပြီး အခြေခံစားသောက်ကုန် အချို့ပေးကာ မဲထည့်ရန်အတွက် စစ်ကော်မရှင်လက်အောက်ခံ တိုင်းအစိုးရအဖွဲ့က ဖိအားပေး ပြောဆိုခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလကုန်ရက်က မြို့နယ်အားကစားခန်းမတွင် စစ်ဘေးရှောင်လာသူများကို ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းကိုယ်တိုင် ခေါ်ယူတွေ့ဆုံကာ ရွေးကောက်ပွဲတွင် မဖြစ်မနေ မဲပေးရမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဆန်သုံးပြည်လောက်နဲ့ ဆီတစ်ဘူးရတယ်။ စစ်ဘေးရှောင်ထဲက ၁၈နှစ် ပြည့်တဲ့သူတိုင်း ရွေးကောက်ပွဲမှာ မဖြစ်မနေမဲပေးဖို့ခေါ်ပြောတဲ့သဘောပါပဲ”ဟု ရခိုင်မှ စစ်ဘေးရှောင်လာသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် စစ်ကောင်စီက ကျင်းပမည့်ရွေးကောက်ပွဲကို ပြည်သူများအနေဖြင့် စိတ်ပါ၀င်စားမှုနည်းသောကြောင့် ၀န်ထမ်းများနှင့် စစ်ဘေးရှောင်များကို မဲပေးရန် ဖိအားပေးနေခြင်းဖြစ်ကြောင်း ဒေသခံများမှသုံးသပ်ပြောဆိုသည်။

စစ်ကော်မရှင်က ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲကာကျင်းပမည်ဟု ကြေညာထားပြီး ရွေးကောက်ပွဲအပိုင်းတစ်ကို လာမည့်ဒီဇဘ်ာ ၂၈ ရက်တွင် ပြုလုပ်ရန်စီစဉ်နေသည်။
ရခိုင်အပါအ၀င်၊ ဧရာ၀တီတိုင်း ငါးသိုင်းချောင်း၊ ရေကြည်၊ လေးမျက်နှာ မြို့နယ်များတွင် အာရက္ခတပ်တော် AAပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံများသည် ဧရာတတီတိုင်းအတွင်းရှိ နီးစပ်ရာ မြို့နယ်များသို့ စစ်ဘေးရှောင်ကြကြောင်း သိရသည်။