ဧရာ၀တီတိုင်းမ်
နိုဝင်ဘာ ၇ ရက်
အာဏာသိမ်းစစ်ကော်မရှင်၏အတုအယောင်ရွေးကောက်ပွဲတွင် မဲထွက်ပေးရန် ခြိမ်းခြောက်၊ အကြပ်ကိုင်မှုများအား တိုင်ကြားရန်နှင့် ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ – NUG က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
မည်သူမဆို ပြည်သူလူထုအား အတုအယောင်ရွေးကောက်ပွဲတွင် မဲထွက်ပေးရန်၊ ကြိုတင်မဲပေးရန် တနည်းနည်းဖြင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု၊ ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခြင်း ဖြစ်သလို ဥပဒေနှင့်ငြိစွန်းသော လုပ်ရပ်ဖြစ်ကြောင်းနှင့် အတုအယောင် ရွေးကောက်ပွဲတွင် မဲထွက်ပေးရန်၊ ကြိုတင်မဲပေးရန် အတင်းအကျပ် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများရှိပါက သက်သေနှင့်တကွ NUG ပြည်ထဲရေးဌာနထံ တိုင်ကြားရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြစ်မှုထင်ရှားပါက အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဟု NUG က ပြောသည်။